အမေရိကန်ပိုင်နက်ထဲ အနှစ် ၁၀၀ ကျော်အတွင်း လူအသေရဆုံး ဟာဝိုင်ရီကျွန်း တောမီး

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

ဩဂုတ်လ ၁၃ ရက်၊ တနင်္ဂနွေညချမ်း လန်ဒန်မြို့တော်ကနေ တိုက်ရိုက် ထုတ်လွှင့်မယ့် ဘီဘီစီ မြန်မာပိုင်း အစီအစဉ် - ဓားပြမှုတွေ၊ ဆိုင်ကယ်ခိုး၊ ဓားထောက် ကားယူ စတဲ့ ဆိုးခိုးလုနှိုက် ဒုစရိုက်တွေ ထူပြောနေတဲ့ ရန်ကုန်မြို့ကြီး - ပဲခူးမြစ်ရေကြီးမှု နောက်ဆုံး အခြေအနေ - ဖားကန့်ဒေသထဲ လုပ်ကိုင်စားရသူတွေရဲ့ အခြေအနေနဲ့ နယ်မြေ စစ်ရေး တင်းမာမှု - အမေရိကန်ပိုင်နက်ထဲ အနှစ် ၁၀၀ ကျော်အတွင်း လူအသေရဆုံး ဟာဝိုင်ရီကျွန်း တောမီး - အီရန်မှာ အမျိုးသမီးတွေ မဝတ်မနေရ တင်းကျပ်တဲ့ ဟေဂျပ်ဘ်ခေါင်းဆောင်း ဥပဒေသစ်ကို ပါလီမန်တွင်း ပြန်သုံးသပ်မယ် - ထိုင်ဝမ်ဒုသမ္မတ နယူးယောက်မြို့မှာ ခရီးတထောက်နားလို့ ဘေဂျင်းအစိုးရ ဒေါသူပုန်ထ - အင်ဒို မယ်စကြဝဠာပြိုင်ပွဲဝင် အလှမယ် တချို့ကို အပေါ်ပိုင်း ဗလာကျင်းပြီး ဓာတ်ပုံရိုက်ခိုင်းတာမျိုး ရှိတယ်လို့ ကာယကံရှင်တွေက ရဲတိုင်ချက် ဖွင့်လာအပြီးမှာ မစ္စယူနီဗာ့စ် မယ်စကြဝဠာပြိုင်ပွဲ ပင်မ အဖွဲ့က အင်ဒို အဖွဲ့ခွဲနဲ့ကြား အဆက်အသွယ်ဖြတ်တောက်၊ သူတို့နဲ့ မသက်ဆိုင်ကြောင်း ကြေညာ … စတဲ့ ထိပ်တန်း ပြည်တွင်း ပြည်ပ သတင်းတွေ နားဆင်ရဖို့ ရှိပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 #ဘီဘီစီမြန်မာပိုင်း #ရေဒီယို