နိုင်ငံတကာ အစိုးရတွေဟာ သူတို့ရဲ့ နိုင်ငံသားတွေ၊ သံဝန်ထမ်းတွေကို ဆူဒန်နိုင်ငံထဲကနေ ကယ်ထုတ် နေ

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

- စစ်တပ်နဲ့ ပြည်သူ့စစ်ကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ဆူဒန်မြို့တော် ခါတွမ်ကနေ နိုင်ငံတကာ သံဝန်ထမ်းတွေ၊ သူတို့ရဲ့ နိုင်ငံသားတွေကို သက်ဆိုင်ရာ အစိုးရတွေ အရှိန်မြှင့်ပြီး ကယ်ထုတ်နေ - ပင်လယ်နက်ကို ဖြတ်ပြီး ယူကရိန်း ကောက်ပဲသီးနှံတွေကို တင်ပို့ခွင့် ဆက်ပြီး ပေးမလားဆိုတာကို ရုရှား နိုင်ငံခြားရေး ဝန်ကြီးနဲ့ ကုလ အတွင်းရေးမှူးချုပ်တို့ မကြောခင် ဆွေးနွေးဖို့ ရှိနေ၊ စားနပ် ရိက္ခာကို လက်နက်သဖွယ် အသုံးချနေတယ် ဆိုပြီး ရုရှား အပေါ် G7 စိုက်ပျိုးရေး ဝန်ကြီးတွေ ဝေဖန် - ဘင်္ဂလား ပင်လယ်အော်ထဲ မျောပါနေတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေပေါ်မှာ ရေလုပ်သား ၁၀ ယောက်ကျော် အစုလိုက် အပြုံလိုက် သတ်ဖြတ် ခံထားရ၊ ပင်လယ်ဓားပြတွေရဲ့ လက်ချက်လို့ ဒေသခံတွေ ယူဆနေ - ဂျာမနီမှာ စာတိုက်၊ ပို့ဆောင်ရေးနဲ့၊ ကျန်းမာရေး ကဏ္ဍက ဝန်ထမ်း သပိတ်တွေ ထပ်ကျော့ ပေါ်ပေါက်နေတာ ရပ်နိုင်ဖို့ လစာ ၅.၅% တိုးပေး - - ကေအဲန်ယူ နယ်ထဲ မုန်း နဲ့ ကျောက်ကြီးမှာ တိုက်ပွဲပြင်းထန်သလိုစစ်ကောင်စီစခန်း ၄ခုကို သိမ်းခဲ့တယ်လို့ ‌ကေအဲန်ယူကပြော - စစ်ကိုင်းတိုင်းထဲ ဒီပဲယင်း နဲ့ စစ်ကိုင်း၊ မြောင် နဲ့ မြင်းမူ ၊ ရေစကြို ဘက်တွေမှာ နွေအပူချိန် မြင့်တက် လွန်ကဲနေချိန် ရေရှားပါးတာတွေဖြစ်နေ၊ ရေခပ်တဲ့လမ်းမှာ စစ်ကောင်စီ တပ်စွဲတာနဲ့ မိုင်းထောင်တာတွေရှိလို့ ရေမခပ်ရတာတွေရှိတယ်လို့ ဒေသခံတွေ ပြော - ဖားကန့် က KTV တစ်ခုမှာ စစ်ကောင်စီအရာရှိတစ်ဦးအပါအဝင် လာရောက်သူ လုပ်ငန်းရှင်အချို့ ပစ်ခတ်ခံရ၊ ဖားကန့်လုံးခင်းမှာလည်း ‌ကျောက်ဝိုင်းမှာ လူ ၅၀ကျော်ဖမ်းဆီးခံရ ... စတဲ့ ကမ္ဘာ့သတင်း၊ မြန်မာ့ သတင်းတွေ စုံစုံလင်လင် ကြားကြရဖို့ ရှိပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j မနက်ပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxsf3 ----- မနက်ပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625862 ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 #ဘီဘီစီမြန်မာပိုင်း #ရေဒီယို