ရုရှားဒုံးကျည်ဒဏ်သင့်တဲ့ ယူကရိန်းအရှေ့ပိုင်းမြို့မှာ လူဒါဇင်ချီသေ
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio
- ပုလင်း၊ ယင်းမာပင် မြို့နယ် ၂ ခုအတွင်းက လေကြောင်းပစ်ခတ်မှုဖြစ်ပြီးနောက် သေဆုံးမှု အခြေအနေတွေနဲ့ မြင်းမူနဲ့ မြောင်မြို့နယ်အတွင်းစစ်ကြောင်း ထိုးမှုတွေဆက်ဖြစ်နေတဲ့အခြေအနေ - မန္တလေးမှာရှိတဲ့ နန်းဦးလွင် အရပ်မှာ ပုသိမ်ကြီးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီက ဇူလိုင်လ ၇ ရက်နေ့အပြီး ရှင်းလင်းဖယ်ရှားပေးဖို့ စာကပ်ထားသလို ဆောက်လုပ်ထားတဲ့ အိမ်တွေကို ပိုင်ရှင်ကိုယ်တိုင် စဖျက်တာတွေ ရှိနေတဲ့ အကြောင်း - သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး အရ မဖမ်းဖို့ တားဆီးထားတဲ့ တောရိုင်းတိရိစ္ဆာန်တွေထဲ ပါဝင်တဲ့ ငါးမန်းအမျိုးအစားတွေကို ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူနဲ့အခြားမြို့နယ်တွေမှာ ဖမ်းဆီးရောင်းချတာတွေရှိသလို ငါးမန်းသားပေါက်ချိန် အဲဒီသားပေါက်လေးပါ ဖမ်းဆီးရောင်းချတာမျိုးတွေရှိနေနဲ့ အကြောင်း - ထိုင်းမှာ ကြင်ယာတော်မိဘုရား ပါတဲ့ယာဉ်တန်းကို တားဆီးဆန္ဒပြသူတွေ တရားသေပြန်လွတ်လာ - ရုရှားရဲ့ ယူကရိန်းကျူးကျော်မှုရပ်အောင်ပြောပေးဖို့နယူးဇီလန်၀န်ကြီးချုပ်က တရုတ်ကိုတိုက်တွန်းတဲ့ သတင်းတွေ နားဆင်ရဖို့ ရှိပါတယ်။ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j မနက်ပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxsf3 ----- မနက်ပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625862 ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 #ဘီဘီစီမြန်မာပိုင်း #ရေဒီယို#မကွေးတိုင်း #ထီးလင်းမြို့ #ပအဖရုံး #လေကြောင်းတိုက်ခိုက်