ငလျင်ကြီး လှုပ်တာ ၇ ရက်ကြာလာတဲ့နောက် အသက်ရှင်သူတွေကို လိုက်ရှာနေဆဲဖြစ်ပေမဲ့ ငလျင်ဒဏ်ခံပြည်သူတွေ နေရေးစားရေး ပိုခက်ခဲလာနေ

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

ဧပြီလ ၄ ရက်၊ သောကြာနေ့ ညပိုင်း ဘီဘီစီ မြန်မာရေဒီယို အစီအစဉ်

- ငလျင်ဒဏ် ၇ ရက်ကြာလာတဲ့နောက် အသက်ရှင်ကျန်ရစ်သူတွေကို လိုက်ရှာနေဆဲဖြစ်ပေမဲ့ အိုးအိမ်မဲ့ပြည်သူတွေတွေ နေရေးစားရေး ပိုခက်ခဲလာတဲ့ အခြေအနေတွေ - BIMSTEC အစည်းအဝေးတက်နေတဲ့ စစ်ခေါင်းဆောင်ကို ဆန့်ကျင် ဆန္ဒပြကြတဲ့ သတင်း - အင်းဝ နဲ့ တံတားဦးကနေ ဘီဘီစီမြန်မာပိုင်းသတင်းထောက်တွေရဲ့ သတင်းပေးပို့ချက် - ကိုးကန့်တပ် လားရှိုးကနေ ခွာ စတဲ့ သတင်းတွေအပြင် တခြား မြန်မာသတင်းတွေ၊ နိုင်ငံတကာ သတင်းတွေလည်း နားဆင်ရမှာပါ။

ငလျင်ဒဏ်ခံနေရကြရတဲ့ အရေးပေါ်အခြေအနေမှာ သတင်းတွေကို ပိုပြီး ထုတ်လွှင့် ပေးနိုင်ရေး အတွက် ဘီဘီစီ ရေဒီယို အစီအစဉ်ကို ဧပြီလ ၁ ရက်နေ့က စပြီး မိနစ် ၃၀ အထိ (ည ၈ နာရီကနေ ၈း၃၀) တိုးချဲ့ ထုတ်လွှင့်ပေးနေပါတယ်။

ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင်နိုင်ပါ တယ်။

အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858

#ဘီဘီစီမြန်မာပိုင်း #ရေဒီယို