မြန်မာပြည်ကို ဖြတ်သန်းမယ်လို့ ခန့်မှန်းနေတဲ့ မုန်တိုင်း ဘယ်ကို ဦးတည်နေလဲ

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

မေလ ၇ ရက်၊ တနင်္ဂနွေ ညချမ်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အစီအစဉ် - အာရပ်လိဂ်ထဲ ဆီးရီးယားကို ပြန်ထည့်လိုက်ပြီ - ထိုင်းရွေးကောက်ပွဲ ကြိုတင်မဲတွေ စပေး - မြန်မာပြည်ကို ဖြတ်သန်းမယ်လို့ ခန့်မှန်းနေတဲ့ မုန်တိုင်း ဘယ်ကို ဦးတည်နေလဲ - ရိုဟင်ဂျာ ဒုက္ခသည် ကိုယ်စားလှယ်တွေ ရခိုင်ဘက် ကူးလာပြီး ပြန်လက်ခံ နေရာချထားဖို့ ပြင်ထားတဲ့ နေရာတွေကို လေ့လာကြည့်ရှု - ကိုလိုနီရန်ငြိုးတွေ ပြေလည်စေဖို့ ဆိုးလ်ကို သွားတဲ့ ဂျပန် ဝန်ကြီးချုပ် - အပူလှိုင်း ဖြတ်နေတဲ့ ဗီယက်နမ် မြောက်ပိုင်းမှာလည်း ထိုင်းနဲ့မြန်မာလိုပဲ အပူချိန် စံချိန်ကျိုးအောင် မြင့်တက် - ယူကရိန်းနဲ့ ကပ်ရက် ရုရှားနယ်ထဲ လက်နက်ကြီးကျည်တွေ ကျပြီး လျှပ်စစ် ဓာတ်အားလိုင်းတွေ၊ ဂက်စ်ပိုက်လိုင်းတွေ ပျက်စီး၊ တန်ပြန်ထိုးစစ် စမယ်လို့ ယူကရိန်း ပြောထားတဲ့ အတိုင်း ရုရှားနယ်ထဲထိ တိုက်ခိုက်နေပြီလား ... စတဲ့ ကမ္ဘာနဲ့ မြန်မာ ထိပ်တန်း သတင်းတွေ တင်ဆက် ထားပါတယ်။ - ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 #ဘီဘီစီမြန်မာပိုင်း #ရေဒီယို