ငလျင်ဘေးမှာ လူတွေကို ကယ်ဆယ်တဲ့ လုပ်ငန်းပြီးပြီ၊ အဆောက်အအုံ ရှင်းလင်းရေးတွေ လုပ်နေပြီလို့ စစ်ကောင်စီပြော

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တချို့ စတင်ပြီး နေရပ်ပြန်နေကြပြီ - စစ်ကောင်စီရဲ့ တရားဝင်စာရင်း အရ ငလျင်ကြောင့် လူပေါင်း ၃,၅၆၀ သေဆုံးကြောင်း အတည်ပြုထား - ပြန်လည် ထူ ထောင်ရေး လုပ်ငန်းတွေကို စတင် လုပ်ဆောင်နေပြီလို့ စစ်ကောင်စီက ပြောပေမယ့် မြေပြင် လက်တွေ့ အခြေအနေ ဘယ်လို ရှိလဲ၊ ကျန်းမာရေး စောင့်ရှောက်မှု ဘယ်လို ရှိလဲ သတင်းလွှာ အရှည်တွေ နားဆင်ရဖို့ ရှိသလို - လားရှိုး ကနေ MNDAA ကိုးကန့်တပ်တွေ ဧပြီ ၂၁ ရက်နေ့စပြီး ဆုတ်ခွာတော့မယ့် အကြောင်း ဘီဘီစီသတင်းထောက်ရဲ့ သတင်းပေးပို့ချက်နဲ့ - ထိပ်တန်း နိုင်ငံတကာ သတင်းတွေ အနေနဲ့ ထရမ့်ရဲ့ နိုင်ငံခြား သွင်းကုန် အခွန်တိုးမှုရဲ့ နောက်ဆက်တွဲ ကမ္ဘာတလွှား ရင်းနှီးမြှုပ်နှံသူတွေ စျေးကွက်အပေါ် ယုံကြည်မှု ပျက်ပြီး စတော့ စျေးတွေ ထိုးကြနေတဲ့ အကြောင်း နားဆင်ရဖို့ ရှိပါတယ်။ ----- အင်တာနက်နှင့် ဆက်သွယ်ရေးလမ်းကြောင်းတွေ နေရာအနှံ့ ပြတ်တောက်နေချိန်၊ ရေဒီယိုထုတ်လွှင့်မှု အပေါ် အမားပြည်သူ အားကိုးနေကြရတဲ့ အတွက် အဲဒီ လိုအပ်ချက်ကို ဖြည့်ပေးနိုင်ဖို့ရာ ဘီဘီစီမြန်မာပိုင်းရဲ့ ညပိုင်း ရေဒီယို ထုတ်လွှင့်မှု အစီအစဥ်ကို ဧပြီ ၁ ရက် က စလို့ ညစဥ် မိနစ် ၃၀ အထိ တိုးချဲ့ ထုတ်လွှင့် ပေးနေပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ မနက်ပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/3dhUMdA ----- မနက်ပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/2AjWc8C ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို