ယူကရိန်းကို တိုက်ဖို့ မြောက်ကိုရီးယား တပ်ဖွဲ့ဝင် သောင်းနဲ့ချီကို ရုရှားသင်တန်းပေးနေတယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးပြော

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

- မြန်မာနိုင်ငံ အလယ်ပိုင်းမှာ စစ်ကောင်စီတပ်တွေက လေကြောင်းပစ်ကူနဲ့ စစ်ကြောင်းထိုး နေတာ (၃) ရက်ကျော် ရှိလာတဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ကျွန်းလှ အခြေအနေ - မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်း‌ဒေသကြီး ထားဝယ်-ပုလော - မြိတ် ပြည်ထောင်စုလမ်းမတလျှောက်မှာ စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုနဲ့ နယ်မြေ စိုးမိုးရေး လုပ်လာလို့ နှစ်ဘက် စစ်ရေးတင်းမာနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေ ပြော - မြန်မာနိုင်ငံ အရှေ့ဘက်က ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမှာ ရှိတဲ့ ဘန်ကောက် စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် စစ်ရှောင်တွေထိခိုက်သေဆုံးနေကြရတဲ့ အခြေအနေ - လက်ဘနွန်မြို့တော် ဘေရွတ်မြို့လယ်ကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်လို့ လူနေအထပ်မြင့် အဆောက်အအုံ ပြိုကျသွားပြီး ၁၁ ယောက်သေဆုံးကာ ခြောက်ဆယ် ဒဏ်ရာရ - ဖိလစ်ပိုင်မှာ သမ္မတနဲ့ ဇနီးကို လုပ်ကြံဖို့ လူသတ်သမား ငှားထားတယ်လို့ ဒုသမ္မတက ပြောလိုက်တဲ့ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858