မော်စကို၊ ကရင်မလင်နန်းတော်တဝိုက်မှာကို ယူကရိန်း ဒရုန်းတွေ တိုက်ခိုက်တာ ခံလာရပြန်

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

ဇူလိုင် ၃၀၊ တနင်္ဂနွေ ရေဒီယို အစီအစဉ် ၅ မိနစ်သတင်း - မော်စကို၊ ကရင်မလင်နန်းတော်တဝိုက်မှာကို ယူကရိန်း ဒရုန်းတွေ တိုက်ခိုက်တာ ခံလာရပြန် - ရုရှာ ရေတပ်နေ့ အခမ်းအနား စိန့်ပီတာစ်ဘာ့ဂ်မှာ ကျင်းပ၊ ရုရှားရဲ့ ကြီးထွားလာနေတဲ့ ရေတပ်အင်အားကို ဘယ်သူမှ တားနိုင်မှာမဟုတ်ဘူးလို့ သမ္မတ ပူတင်ပြော၊ အခုနှစ်ဝက်မှာတင် ရုရှားရေတပ်မှာ စစ်သင်္ဘော အစင်း ၃၀ ထပ်တိုးလာ။ - ဓနုပြည်နည်ထူထောင်ဖို့ ရည်ရွယ်တယ် ဆိုပြီး သူတို့အဖွဲ့ ထူထောင်ထားကြောင်း ၁ နှစ် အကြာမှာ ထုတ်ပြောလာတဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးက ကြေညာ - နီဂျဲမှာ ရွေးကောက်ခံ သမ္မတကို စစ်တပ်ထဲက အုပ်စုတစ်စုက သူပုန်ထ ဖမ်းဆီးပြီး အာဏာသိမ်းကြောင်း ကြေညာခဲ့လို့ အရေးယူမှုတွေ ပြုလုပ်ဖို့ ဒေသတွင်း အာဖရိက အနောက်ပိုင်း နိုင်ငံများ အဖွဲ့က နိုင်ဂျီးရီးယားမှာ အရေးပေါ် အစည်းအဝေး ပြုလုပ်။ နီဂျဲထဲကို စစ်ရေးနည်းကို သုံးပြီးတော့ကို စွက်ဖက်တာမျိုး ရန်လို ပြုလုပ်လာဖွယ် ရှိတယ်လို့ အာဏာသိမ်း နီဂျဲ စစ်အုပ်စု ကြေညာချက်ထုတ်ပြန် - မဏိပူရထဲက လူမျိုးစု ပဋိပက္ခတွေကို အိန္ဒိယ အတိုက်အခံ အမတ်တွေ ကွင်းဆင်းစုံစမ်း၊ အဲဒီမှာ ပြဿနာတွေကို အမြန်ဆုံး မရှင်းနိုင်ရင် တနိုင်ငံလုံးရဲ့ လုံခြုံရေး ထိခိုက်လိမ့်မယ်လို့ သတိပေး - ထိုင်းမှာ မီးရှူးမီးပန်းတွေ ပေါက်ကွဲပြီး လူ ၁၀ ယောက် ဝန်းကျင် သေဆုံးခဲ့ရတဲ့ အဆောက်အအုံဟာ အဲဒီလို သိုလှောင်ဖို့ လိုင်စင်ယူထားတာမျိုး မရှိဘူးဆိုပြီး ထိုင်းရဲတွေပြော၊ ပိုင်ရှင်ကို ဖမ်းဖို့ လိုက်လံ ရှာဖွေနေ သတင်းလွှာ ၃ ပုဒ် - ရှမ်းပြည်မြောက်ပိုင်း တရုတ်နဲ့ ကပ်ရက် ဗျုဟာမြောက် ဒေသတွေမှာ ကချင်၊ ရှမ်းတောင် ရှမ်းမြောက်၊ တအာင်းပလောင် အဖွဲ့တွေ ခြေကုပ်ရနိုင်ဖို့ အပြိုင်ကြိုးစားနေ၊ စစ်ကောင်စီ ကျောထောက်နောက်ခံပြု ပြည်သူ့စစ် အမျိုးမျိုးလည်းရှိ၊ အခုနှစ်ဆန်းက စပြီး တိုက်ပွဲတွေ ခပ်စိတ်စိတ် ပေါ်ပေါက်နေ (မသင်းသင်းနွယ်) - ရခိုင်က နယ်စပ်ကုန်သွယ်ရေး အဓိက ပို့ကုန် ရေချိုငါးကို ဘင်္ဂလားဒေ့ရှ်က အဝယ်ပိတ်လို့ ကုန်သွယ်ရေး ၉၀ ရာခိုင်နှုန်းအထိ ကျဆင်းနေ (ကိုမြင့်လွင်) - မော်လမြိုင်မှာ ရက်ဆက် မိုးသည်းနေလို့ အနိမ့်ပိုင်း ရပ်ကွက်တွေ ရေကြီး ရေလျှံနေ၊ တစ်လအတွင်း ၂ ခါ ပြန် ကြီးလာတာဖြစ်