နေပြည်တော်မှာ မနေ့ တညလုံးနဲ့ ဒီနေ့လည်း ငလျင်ငယ်တွေ ဆက်လက် လှုပ်ခတ်နေတယ်လို့ ဒေသခံတွေပြော

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

အရင် သဘာဝဘေးတွေမှာ စစ်ကောင်စီက လူမှုကယ်ဆယ်ရေး အကူအညီတွေကို ပိတ်ဆို့ တားမြစ်တာ ရှိခဲ့ဖူးတယ် ၊ စစ်တပ်က စာနာမှု အကူအညီတွေကို လက်နက် သဖွယ် အသုံးချလေ့ ရှိတယ် ၊ ပြည်သူတွေ ငလျင်ဒဏ် ခံနေရချိန်မှာ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ရပ်ထားသင့်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ပြောကြား - ဘန်ကောက်မြို့က ဆောက်လက်စ အဆောက်အအုံ ပြိုကျစဉ် ကိုယ်တွေ့ကြုံရသူရဲ့ ပြန်ပြောပြချက်နဲ့ ကယ်ဆယ်ရေး လုပ်ဆောင်နေမှု အခြေအနေကို ဘီဘီစီ သတင်းထောက်ရဲ့ တိုက်ရိုက် သတင်းပေးပို့ချက် - တူရကီမှာ အစ္စတန်ဘူးလ် မြို့တော်ဝန်ကို ဖမ်းထားမှုအပေါ် မကျေနပ်လို့ ဆန္ဒပြပြီး ရွေးကောက်ပွဲ စောကျင်းပပေးဖို့ တောင်းဆိုနေတဲ့ သတင်းတွေ တင်ဆက်ပေးထားပါတယ်။ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ်စ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 #ဘီဘီစီမြန်မာပိုင်း #ရေဒီယို