- အိန္ဒိယမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါပိုးသစ်တမျိုး ကူးစက်ခံထားရသူတွေ ပထမဆုံး တွေ့လာရ
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

ဇန္နဝါရီ ၆ ရက် တနင်္လာ ညခင်း ဘီဘီစီမြန်မာပိုင်းရေဒီယို အစီအစဉ် - အရင်ဆုံး မန္တလေးကို သိမ်းပြီးလို့ စစ်ကောင်စီ မပြုတ်ကျဘူးဆိုရင် နေပြည်တော်ကို ဆက်သိမ်းမယ် ဆိုတဲ့ မန်းလေး PDF ရဲ့ ပြောဆိုချက်နဲ့ လက်တွေ့အခြေအနေ - စစ်တောင်းမြစ် အရှေ့ခြမ်း ဒေသက စစ်ကောင်စီတဝက်၊ PDF တွေ တဝက် ထိန်းချုပ်ထားတဲ့ ရေတာရှည်က ရွာတွေကို စစ်တပ်က ဝင်တိုက်တာ ဘာကြောင့်လဲ - အိန္ဒိယ-မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့်ကို အိန္ဒိယဘက်က ဇန်နဝါရီ ၁ ရက်နေ့ကစတင် တင်းကျပ် ထားပြီး မြန်မာဘက်ကနေ အိန္ဒိယဘက်ကို ဖြတ်သန်းသွားလာဖို့ တစ်နေ့ကို လူအယောက် တစ်ရာသာ ခွင့်ပြုတော့တဲ့ အနေအထား - ဒုံးကျည်ပစ်လွှတ် စမ်းသပ်မှုလုပ်လာတဲ့ မြောက်ကိုရီးယားကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ဒါဟာ ကုလ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်တာလို့ ပြောလိုက် - နှစ်ပေါင်း ၁၅ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီး ဆန္ဒပြမှုတွေကြောင့် မနှစ်က အိန္ဒိယဆီ ထွက်ပြေးသွားတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဒုတိယအကြိမ် ဖမ်းဝရမ်း ထုတ်လိုက် စတဲ့ သတင်းတွေကို တင်ဆက် ပေးထားပါတယ်။ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858