ရှမ်းမြောက်က စစ်ကောင်စီရဲ့ နောက်ထပ် စခန်း ၃ ခုကို သိမ်းပိုက်ကြောင်း ကိုးကန့်တပ် MNDAA ကြေညာ
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio
အောက်တိုဘာ ၂၈ ရက်၊ စနေည လန်ဒန်မြို့တော်ကနေ ထုတ်လွှင့်မယ့် ဘီဘီစီမြန်မာပိုင်း ရေဒီယို အစီအစဥ် - ၁၀၂၇ စစ်ဆင်ရေး ကြေညာပြီး ဒုတိယနေ့၊ ရှမ်းမြောက်က စစ်ကောင်စီရဲ့ နောက်ထပ် စခန်း ၃ ခုကို သိမ်းပိုက်ကြောင်း ကိုးကန့်တပ် MNDAA ကြေညာ - စစ်အာဏာသိမ်း ရက် ၁၀၀၀ ပြည့် မြန်မာပြည်တွင်း အခြေအနေတွေ အပေါ် သုံးသပ်ချက် - ဂါဇာမှာ ညလုံးပေါက် ဗုံးကြဲမှု အစ္စရေး အရှိန်မြှင့်လုပ်၊ မြေပြင်တပ်တွေရဲ့ ထိုးစစ်ပါ တိုးချဲ့လုပ်ဆောင် - ဘင်္ဂလားဒေ့ရှ် အတိုက်အခံနဲ့ရဲအကြား တိုက်ခိုက်ကြတဲ့ ဒါကာမြို့လယ် အဓိကရုဏ်း - မြောက်ကိုရီးယား ဟက်ကာတွေက အွန်လိုင်းပေါ် ခရစ်ပတိုငွေကြေး တွေ ထွင်းဖောက် ခိုးယူပြီး ပြုံယမ်းရဲ့ နျူအစီအတွက် ငွေရှာပေးနေတယ်လို့ ကုလကော်မတီပြောဆို - အာရှ တခွင် LGBT အခွင့်အရေး အလေးစားဆုံး ထိုင်ဝမ်မှာ ပရိုက်ဒ် လှည့်လည်ပွဲ လူထောင်ပေါင်းများစွာ ပါဝင်၊ ဒုသမ္မတပါ ပါဝင်ခဲ့ .... စတဲ့ ထိပ်တန်း ပြည်တွင်းပြည်ပ သတင်းတွေ တင်ဆက် ပေးဖို့ ရှိပါတယ်။ - ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။ - အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - - https://www.bbc.com/burmese/bbc_burmese_radio/liveradio - ----- - ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j - ----- - ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 - #ဘီဘီစီမြန်မာပိုင်း #ရေဒီယို