ဆူဒန်မှာ RSF လက်နက်ကိုင်တွေ သိမ်းပိုက်ထားတဲ့ ခါတွန်မြို့ လေဆိပ်ကို ဆူဒန်စစ်တပ်က လုံးဝပြန်လည် ထိန်းချုပ်လိုက်နိုင်

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

- ဆူဒန်မှာ RSF လက်နက်ကိုင်တွေ သိမ်းပိုက်ထားတဲ့ ခါတွန်မြို့ လေဆိပ်ကို ဆူဒန်စစ်တပ်က လုံးဝပြန်လည် ထိန်းချုပ်လိုက်နိုင် - လာမယ့် ဒီဇင်ဘာ နောက်ဆုံး နှစ်ပတ်ကစလို့ ရွေးကောက်ပွဲ ကျင်းပဖို့ စစ်ကောင်စီက ပြင်ဆင်နေ - ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် အေအေက သူတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ စစ်မှုမထမ်းမနေရ အမိန့် ထုတ်ပြန် - နောင်ချိုနဲ့ ပြင်ဦးလွင်မြို့ကြားက တောင်ခမ်းဒေသကို ရနိုင်ဖို့ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေ ကြိုးစားနေ - တောင်ကိုရီးယား နိုင်ငံ တောမီးလောင်မှုကြီးအတွင်း အနည်းဆုံး လူ ၂၄ ဦးသေဆုံး - ပြည်ပကို မွေးစားဖို့ ပို့လိုက်တဲ့ တောင်ကိုရီးယား ကလေးငယ်တွေကို အရင် တောင်ကိုရီးယားအစိုးရတွေက အကာအကွယ်မပေးခဲ့ကြဘူးလို့ ၃ နှစ်ကြာ စုံစမ်းစစ်ဆေးမှုကြီးတစ်ခုက တွေ့ရှိ - စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရေးကို ရုရှားအစိုးရ စိတ်မဝင်စားဘူးလို့ ယူကရိန်းသမ္မတပြော - ယူကရိန်းစစ်ပွဲအစ လပိုင်းတွေတုန်းက မာရီယူပိုလ် ဆိပ်ကမ်းမြို့ကို ကာကွယ် တိုက်ခိုက်ခဲ့တဲ့ ယူကရိန်း အဇော့ဗ်တပ်မဟာ က စစ်သား ဆယ့်နှစ်ဦးကို ရုရှားတရားရုံးက ထောင်ဒဏ်ချမှတ် - အစ္စရေးဓားစာခံတွေကို ဟားမတ်စ် ပြန်မလွှတ်ပေးဘူးဆိုရင် ဂါဇာကို သိမ်းပိုက်မယ်လို့ အစ္စရေးဝန်ကြီးချုပ် ထပ်မံ ခြိမ်းခြောက်