နှစ်ပေါင်း ၈၀ အတွင်း အကြီးဆုံး ဥရောပစစ် ဆင်နွှဲဖို့ ပူတင်ပြင်ထားသလား
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

နှစ်ပေါင်း ၈၀ အတွင်း အကြီးဆုံး ဥရောပစစ် ဆင်နွှဲဖို့ ပူတင်ပြင်ထားသလား - ယူကရိန်းအရေး စစ်ရေးတင်းမာမှု မြင့်တက်နေချိန် ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ လုံခြုံရေးဆိုင်ရာ ညီလာခံ ကျင်းပပြီး ယူကရိန်း သမ္မတ အပါအဝင် ဥရောပ ခေါင်းဆောင်တွေ စုဝေး - ရုရှားသမ္မတ ပူတင်ဟာ ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်း အပြင်းထန်ဆုံး ဖြစ်မယ့် စစ်ပွဲကြီးတစ်ရပ် ဆင်နွှဲဖို့ ပြင်ထားတယ်လို့ ဗြိတိန်ဝန်ကြီးချုပ်က ပြောဆို - ယူကရိန်း အရှေ့ဘက်ခြမ်း ဒွန်းဘတ်စ်နယ်ထဲ ရုရှားက ကျောထောက်နောက်ခံ ပြုပေးထားတဲ့ ခွဲထွက်ရေး သူပုန်တွေနဲ့ ယူကရိန်း အစိုးရစစ်တပ် ၃ ရက်မြောက် တိုက်ပွဲဆက်ဖြစ် - ယူကရိန်း ပြည်ထဲရေး ဝန်ကြီး ရှေ့တန်းစစ်မျက်နှာမှာ လှည့်လည် ကြည့်ရှုစဥ် လက်နက်ကြီးကျည်တွေ ကျလာလို့ ဗုံးခိုကျင်းထဲ အမြန်ဆင်းရ - ဒီပဲယင်းနယ်ထဲက ယင်းတွေရွာ ဆက်တိုက် ပစ်မှတ်ထားခံနေရ၊ စစ်ကောင်စီတပ်ဖွဲ့ဟာ ပျူစောထီးတွေကိုပါ ယူနီဖောင်းဝတ်ပေး ခေါ်လာပြီး ရွာကိုပစ်ခတ်၊ အိမ်အားလုံးနီးပါးကို ရစရာမရှိအောင် ဖျက်စီးခဲ့တယ်လို့ ရွာခံတွေပြော - လေးကေ့ကော်က စစ်ဘေးရှောင်တွေ မိုးထဲလေထဲ နေစရာ၊ စားစရာ အခက်ကြုံ။ ရိက္ခာတင်ပို့ရေး ထိုင်းဘက်က အကန့်အသတ်တချို့ ပြုလုပ်လာတယ်လို့ ကူညီကယ်ဆယ်ရေးသမားတွေပြော - ပါကစ္စတန်မှာ ဆိုရှယ်စာမျက်နှာပေါ် အလှပုံတွေတင်ပြီး နာမည်ကြီးနေတဲ့ အစ်မကို သတ်ဖြတ်ခဲ့သူကို ထောင်ဒဏ် တစ်သက် ချထားပေမယ့် “ဂုဏ်သိက္ခာအတွက် သတ်ဖြတ်ခြင်း” မမြောက်ဘူးလို့ အယူခံတရားသူကြီးက ဆုံးဖြတ်ပြီး ၆ နှစ်နဲ့ ပြန်လွှတ်ပေး - မိနစ် ၉၀ ကျော် နာကျင် အချိန်ပိုတွေမှာ စိတ်လှုပ်ရှားဖွယ်ရာ ဂိုးတွေကို မြင်တွေ့ခဲ့ရတဲ့ မန်စီးတီးနဲ့ စပါးစ်တို့ ပွဲအကြောင်း အပါအဝင် စနေနေ့ ပရီမီယာလိဂ် ပွဲစဥ်တွေ အကြောင်း .... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com