ဗြိတိန်ဝန်ကြီးချုပ် ကိယက်ဗ်ထိသွားပြီး ယူကရိန်းသမ္မတနဲ့တွေ့

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

ဗြိတိန်ဝန်ကြီးချုပ် ကိယက်ဗ်ထိသွားပြီး ယူကရိန်းသမ္မတနဲ့တွေ့ - ကိယက်ဗ်ထိသွားတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ယူကရိန်းကို ကာကွယ်ရေး လက်နက်ပစ္စည်းတွေ ထပ်ပေးမယ့် အကြောင်း ကတိပြု - သံချပ်ကာကားနဲ့ သင်္ဘောဖျက်ဒုံးစနစ် ယူကရိန်းကို ဗြိတိန်ပေး - ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်းခန်းကို ပါလီမန်ထဲ အယုံအကြည်မရှိ အဆို မဲခွဲပြီး နေရာက ဖယ်ရှားလိုက်ပြီ - အဲဒီလို အယုံအကြည်မရှိ အဆို မဲခွဲခံရမှာကို ရှောင်လွှဲဖို့ ပါလီမန်ကို သမ္မတကတဆင့် ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဖျက်သိမ်း ခဲ့ပေမယ့် တရားရုံးချုပ်က အခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို ဆုံးဖြတ်ခဲ့တဲ့ အတွက် အီမရန်ခန်းကို ဖယ်ရှားရေး မဲခွဲတဲ့ အစီအစဥ် အောင်မြင်လာခဲ့ - မန္တလေးမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အင်အားစုတွေ အခု ရက်ပိုင်းတွေမှာ အရှိန်မြှင့် ဖြိုခွဲ ဖမ်းဆီးခံနေရ - စစ်ကိုင်းတိုင်း ဆားတောင်နယ်ထဲက မိဘမဲ့ဂေဟာ ကျည်ထိမှန် ဆရာမတစ်ဦး သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်အကြောင်း မေးမြန်းခန်း - ပူတာအိုနယ်ထဲ စစ်ရှောင်တွေကို နေရပ်ရင်း ရွာကို ပြန်ပို့ပေမယ့် ဘာ့ကြောင့် ရွာသူရွာသားတွေ မလုံမခြုံ ခံစားနေရလဲ ... စတဲ့ နိုင်ငံတကာနဲ့ ပြည်တွင်း သတင်းတွေ ကြည့်ရှုနားဆင် နိုင်ပါပြီ။ - မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 - ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 - ယူကျု - http://youtube.com/thebbcburmese - အင်စတာဂရမ် - https://www.instagram.com/bbcburmese/ - ဝက်ဘ်ဆိုက် - https://www.bbcburmese.com