ရုရုားက နယူကလီယာစစ်ပွဲအတွက် ပြင်ဆင်နေတယ်လို့ ယူကရိန်းသမ္မတ ဇလန်စကီး သတိပေး

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

ရုရုားက နယူကလီယာစစ်ပွဲအတွက် ပြင်ဆင်နေတယ်လို့ ယူကရိန်းသမ္မတ ဇလန်စကီး သတိပေး - နယူကလီယာစစ် ဆင်နွှဲဖို့ ရုရှားဘက်က ပြင်ဆင်နေတဲ့ အတွက် လက်ဦးမှုရယူပြီး ပိတ်ဆို့ ဟန့်တားမှူတွေ ချမှတ်ပါလို့ နိုင်ငံတကာကို ယူကရိန်းသမ္မတ တောင်းဆို - ယူကရိန်းကို ဘဏ္ဍာရေး၊ စစ်ရေးနဲ့ စာနာမှု အကူအညီတွေ တိုးမြှင့် ပြုလုပ်သွားဖို့ အီးယူခေါင်းဆောင်တွေ ပရပ်ဂ်မြို့တော် တွေ့ဆုံပွဲမှာ ကတိပြု - နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ကလည်း ယူကရိန်းထဲ စစ်တွင်းကာလ စားနပ်ရိက္ခာ ဖူလုံရေး ဒေါ်လာ သန်းပေါင်း တစ်ထောင်သုံးရာ ထပ်ဆောင်း ပေးမယ် - အမေရိကန်ထဲ ခိုလှုံခွင့် လျှောက်ထားကြတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေ ထောင်ပေါင်းများစွာကို တင်လာကြတဲ့ ဘတ်စ်ကားတွေ နယူးယောက်မြို့ထဲ ဆက်တိုက် ဝင်လာနေကြတဲ့ အတွက် နယူးယောက် မြို့တော်ဝန်က အရေးပေါ် အခြေအနေကြေညာ - သမ္မတဘိုင်ဒင်ရဲ့ လူဝင်မှုဆိုင်ရာ မူဝါဒတွေ အပေါ် ဆန့်ကျင် ကန့်ကွက်တဲ့ အနေနဲ့ ရီပတ်ဘလစ်ကင် အုပ်ချုပ်ရေးမှူးတွေ အောက်မှာ ရှိတဲ့ တက္ကဆက် အပါအဝင် ပြည်နယ်တွေက အဲဒီလို ရွှေ့ပြောင်းသူတွေကို ထောင်နဲ့ချီပြီး ဘတ်စ်ကားပေါ်တွေတင်လို့ ဒီမိုကရက်တွေ ချုပ်ကိုင်ရာ အမေရိကန် မြို့ကြီးတွေဆီ စေလွှတ်နေတာဖြစ် - ထိုင်းဝန်ကြီးချူပ်နဲ့ အလုပ်သမားဝန်ကြီးဌာနထံ မြန်မာ အပါအဝင် ရွှေ့ပြောင်းလုပ်သားတွေ အရေး အလုပ်သမားသမဂ္ဂတွေ ဘယ်အချက်တွေ တောင်းဆိုနေကြလဲ ... မြန်မာ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် MWRN ကို ဦးဆောင်သူနဲ့ ဘီဘီစီ မေးမြန်းခန်း - မြန်မာပြည်မြောက်ဖျား ရေခဲတောင်နံရံတွေပေါ် သက်စွန့်ဆံဖျား ရှာဖွေရတဲ့ ဘီချီဆေးဥ အရောင်းအဝယ် အကြောင်း ... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com