မြန်မာအရေး အာဆီယံကြားဝင်ရေးလမ်းကြောင်းကို ထောက်ခံကြောင်း အိန္ဒိယ ထပ်လောင်းပြောကြား

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

တနင်္ဂနွေ မနက်ခင်း သတင်းများ (ဩဂုတ်လ ၁၅ ရက် ၂၀၂၁) မြန်မာအရေး အာဆီယံကြားဝင်ရေးလမ်းကြောင်းကို ထောက်ခံကြောင်း အိန္ဒိယ ထပ်လောင်းပြောကြား - အာဆီယံ အထူးသံ အီရဝန်ယူစွဖ်က အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ ဂျိုင်ရှန်ကာကို ဆက်သွယ်ခေါ်ယူပြီး မြန်မာအရေး ဆွေးနွေး - ဒေသတွင်းနိုင်ငံတွေ၊ မိတ်ဖိတ်နိုင်ငံတွေက နိုင်ငံခြားရေး တာဝန်ရှိသူတွေကို အခုရက်တွေမှာ အာဆီယံ အထူးသံ ဆက်သွယ်နေပြီး မြန်မာအရေး သဘောထားတွေ တီးခေါက်ကြည့်နေ - မြန်မာနိုင်ငံထဲ ကိုဗစ်အန္တရာယ်ကြောင့် ထိုင်ဝမ်ကသူတွေ အယောက် ၈၀ MAI လေယာဥ် စင်းလုံးငှားပြီး တိုင်ပေကိုပြန် - တာလီဘန်တွေ အာဖဂန် မြောက်ပိုင်း အစိုးရတပ်ရဲ့ နောက်ဆုံး ခြေကုပ်မြို့ မဇာအီရှရစ်ဖ်ကို သိမ်းလိုက်ပြီ၊ အာဖဂန် အစိုးရစစ်သားတွေ သေနတ်တွေကို စွန့်ပြီး ဥဇဘက် နယ်စပ်ဘက် ထွက်ပြေး - ဟေတီမှာ အင်အားပြင်း ငလျင်လှုပ်လို့ လူ ၂၃၀ နီးပါး သေဆုံး၊ အရေးပေါ် အခြေအနေ တစ်လ ကြေညာ - စစ်ကောင်စီက ဖွဲ့တဲ့ ရခိုင်အုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုချက် ချမပေးလို့ စားနပ်ရိက္ခာ အထောက်အပံ့တွေ ရပ်ထားရတော့မယ်လို့ ICRC က IDP စခန်းတွေကို အကြောင်းကြား၊ ပြည်နယ်တွင်း စစ်ရှောင်စခန်းက သူတွေ အပေါ် ဘယ်လောက် အတိုင်းအတာထိ သက်ရောက် ရိုက်ခတ်လာမလဲ၊ ဘီဘီစီမေးမြန်းခန်း - စစ်ကောင်စီက ရခိုင်ဝန်ကြီးချုပ် ဦးညီပုကို တခြား NLD ဝန်ကြီးချုပ် အများစုလိုပဲ အဂတိပုဒ်မထပ်တိုးလာတဲ့ အပေါ် သမီး ဖြစ်သူရဲ့ တုန့်ပြန် ပြောဆိုချက် - တရုတ် ကိုဗစ်ဆေး ဆိုင်နိုင်ဗက်တွေကို တိုင်းဒေသကြီး ၄ ခုက အလုပ်သမား ၈ သိန်းကျော်ကို ဦးစားပေး အဆင့်ထဲ ထည့်ပြီး ထိုးပေးဖို့ စစ်ကောင်စီ ကျန်းမာရေးဌာန စီစဥ်နေ ...... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #ဟေတီ #အိန္ဒိယ #အီးယူ #အာဆီယံ #အာဖဂန် #တာလီဘန် #အမေရိကန် #IDP #စစ်တွေ #မြစ်ကြီးနား #NLD #မန္တလေး #ဒေါက်တာဇော်မြင့်မောင် #ဦးညီပု #ဆိုင်နိုဗက်