မတ္တရာမြို့နယ်က ကျေးရွာတချို့ကို စစ်ကောင်စီ ရေကြောင်းက ပစ်ခတ်
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

နိုဝင်ဘာလ ၁၄ရက် တနင်္လာမနက်ခင်း သတင်းများ - ဧရာဝတီမြစ်ကြောင်းဘေးမှာရှိတဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ် ကျေးရွာတချို့ကို စစ်ကောင်စီတပ်တွေက ရေကြောင်းကနေ ပစ်ခတ်။ - ဝက်လက်မြို့နယ် ထန်းကြီးရွာကိုလည်း မီးရှို့ပြီး လူငယ် ၃ ယောက်ကို သတ်သွားတယ်လို့ ဝက်လက်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြော။ - ရခိုင်ပြည်နယ် မင်းပြားမြို့ပေါ်က အောင်မြေကုန်း ဘုန်းတော်ကြီး ကျောင်းတိုက် ဆရာတော်နဲ့ လုပ်ငန်းရှင်နှစ်ဦးတို့ကို နိုဝင်ဘာ ၁၁ ရက် ည ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးသွား။ - ဖားကန့် နဲ့လုံးခင်းကို ဝင်တဲ့ ဆန်နဲ့ စက်သုံးဆီတင်ဆောင်လာတဲ့ ကားတွေကို စစ်ကောင်စီတပ်ဖွဲ့တွေစောင့်ဆိုင်းတဲ့ ဂိတ်တွေက ကန့်သတ်ထား။ - တူရကီနိုင်ငံ အကြီးဆုံးမြို့ အီစတန်ဘူလ် မြို့လယ်မှာ မနေ့က ပေါက်ကွဲဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ၆ယောက် သေဆုံးခဲ့ရပြီး နောက်ထပ် ဒါဇင်နဲ့ချီတဲ့လူတွေ ထိခိုက် ဒဏ်ရာ ရရှိခဲ့။ စတဲ့ သတင်းတွေနဲ့ အတူ ပရီးမီးယားလိဂ် ဘောလုံးပွဲ သတင်းတွေကိုလည်း တင်ဆက်ပေးထားပါတယ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com