မင်းတပ်နဲ့ အနီးတဝိုက် ရိက္ခာနဲ့ ဆေးဝါး သယ်ဆောင်ခွင့် စစ်ကောင်စီက ထိန်းချုပ်ထား

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

တနင်္လာ မနက်ခင်း သတင်းများ (ဩဂုတ်လ ၂၃ ရက် ၂၀၂၁) - မင်းတပ်နဲ့ အနီးတဝိုက် ရိက္ခာနဲ့ ဆေးဝါး သယ်ဆောင်ခွင့် စစ်ကောင်စီက ထိန်းချုပ်ထား - မင်းတပ်မြို့ပေါ်မှာရော၊ အနီးတဝိုက် ရွာတွေမှာပါ ဆန်နဲ့ ဆေးဝါးတွေ ပြတ်တောက် နေတယ်လို့ လူမှု ကယ်ဆယ်ရေးသမားတွေပြော - ရွှေလီကနေ မူဆယ်ဘက် ပြန်ဝင်လာဖို့ ကြိုးစားနေတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ရာနဲ့ချီတဲ့ လူအုပ်ကြီး ရွှေလီ ပန်းခြံတစ်ခုထဲ ဖြစ်သလို နေထိုင်နေရပြီး သောင်တင်နေတာ ရက်အတန်ကြာ ရှိနေပြီ - ကရင်နီ ဒေသခံ စုပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ဆက်ရှိ - တိုကျိူသံရုံး CDM ဝန်ထမ်း နှစ်ယောက် နေရာမှာ အစားထိုးဖို့ စစ်ကောင်စီ ကြိုးစားနေပေမယ့် ဂျပန်အစိုးရက ပြည်ဝင်ခွင့် ဗီဇာထုတ်မပေးပဲ ဖြစ်နေ - ကာဘူးလ်မြောက်ပိုင်း ပန်ဂျ်ရှီးရ် တောင်ကြားကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင် ခေါင်းဆောင်က နယ်မြေကို လွှဲမပေးလို တိုက်ယူမယ်ဆိုပြီး တာလီဘန်တွေ အင်အားရာချီပြီး ချီတက်သွား - ကာတာမှာ ဥပဒေပြု ကောင်စီအတွက် ပထမဆုံးအကြိမ် ရွေးကောက်ပွဲ ကျင်းပပေးမယ့် သတ်မှတ်ရက် ထွက်လာပြီ။ ကူဝိတ်ပြီးရင် ပင်လယ်ကွေ့ နိုင်ငံတွေထဲ ရွေးကောက်ခံ ပါလီမန်စနစ် ကာတာ ကျင့်သုံးလာတာဖြစ် ..... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #အာဖဂန် #တာလီဘန် #ကာဘူးလ် #မင်းတပ် #ကယား #ကရင်နီ #ရွှေလီ #ဂျပန်သံရုံး #CDM #ကာတာ