အာဏာသိမ်းမှုနောက်ပိုင်း အိမ်နီးချင်းနိုင်ငံတွေထဲ ခိုလှုံနေရသူ ၁.၁သန်းနီးပါးရှိလာ

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

အာဏာသိမ်းမှုနောက်ပိုင်း အိမ်နီးချင်းနိုင်ငံတွေထဲ ခိုလှုံနေရသူ ၁.၁သန်းနီးပါးရှိလာ - တကျော့ပြန်အာဏာသိမ်းမှုနောက်ပိုင်း အိမ်နီးချင်းနိုင်ငံတွေထဲ ခိုလှုံနေရသူ တစ်သန်းနဲ့ ရှစ်သောင်းခြောက်ထောင် ဝန်းကျင်ထိအောင် ရှိလာပြီး၊ ပြည်တွင်း IDP အရေအတွက်လည်း တစ်သန်းခွဲအထက်ကို ရောက်သွားကြောင်း ကုလကိန်းဂဏန်းတွေကဆို - စစ်ကိုင်း၊ ပုလဲမြို့နယ်ထဲ ရဲစခန်းအတိုက်ခံရလို့ ဘေးဝန်းကျင်ရွာတွေကို လက်တုံ့ပြန် မီးရှို့နေတာ အနည်းဆုံး ၇ ရွာ အရှို့ခံထားရ - ယူကရိန်းအရှေ့ဘက်ခြမ်း တိုက်ခိုက်နေတဲ့ ရုရှားကြေးစားတပ် ဗာ့ဂနာရဲ့ တပ်မှူးတစ်ယောက် နော်ဝေနိုင်ငံမှာ ခိုလှုံခွင့်တောင်း - လန်ဒန်မြို့တော်ရဲတပ်ဖွဲ့မှာ အမှုထမ်းနေတုန်း မုဒိန်းမှု နှစ်ဒါဇင် အပါအဝင် ကျူးလွန်မှုပေါင်း ၄၉ မှုအတွက် အပြစ်ရှိကြောင်း သေနတ်ကိုင် ရဲအမှုထမ်း ဒေးဗစ်ကဲရစ် ဖြောင့်ချက် ပေးပြီးတဲ့နောက်၊ ကျူးလွန်စော်ကားမှုတွေ ပြုလုပ်ထားလားဆိုပြီး စုံစမ်းစစ်ဆေး ခံနေရသူ ရဲအမှုထမ်း အယောက် ၈၀၀ ဝန်းကျင်ရှိတယ်လို့ ရဲကော်မရှင်နာမင်းကြီး ဝန်ခံပြောဆို - ဆိုမာလီယာမှာ အစ္စလမ်မစ်လက်နက်ကိုင် အယ်လ်ရှာဘတ်တွေ ဆယ်စုနှစ်နဲ့ချီ ထိန်းချုပ်ထားတဲ့ ဗျူဟာမြောက် ဆိပ်ကမ်းမြို့ကို အစိုးရတပ် ပြသိမ်း၊ အယ်လ်ရှာဘတ်တွေ အတွက် အဓိက ထောက်ပို့ရေးလမ်းကြောင်း ပြတ်သွားလို့ အတော်လေး အထိနာသွား ..... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com