ရုရှားတို့တောင်းဆိုတဲ့ ဘယ်ဘက်မှမယိမ်းဘဲရပ်တည်မယ့်အချက်ကို ယူကရိန်းဘက်ကစဥ်းစားနေတယ်လို့ ဇလန်းစကီးပြော
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

- ရုရှားနိုင်ငံတောင်ပိုင်းမှာ ICRC ရုံးဖွင့်မယ့် အစီအစဥ်ဟာ အတင်းအဓမ္မ လူတွေကို နှင်ထုတ်တဲ့ ပေါ်လစီကို အသက်သွင်းသလို ဖြစ်နေတယ်လို့ ယူကရိန်းအရာရှိပြော - ယူကရိန်းနိုင်ငံ လာဗီဗ်မြို့က စက်သုံးဆီ သိုလှောင် ဆိပ်ကမ်းကို အဆင့်မြင့် လက်နက်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ၀န်ကြီး ဌာနက ထုတ်ပြန် - NUG အမျိုးသား ညီညွတ်ရေးအစိုးရက ULA/AA ကို အလွတ်သဘော တွေ့ဆုံဖို့ တရား၀င်ကမ်းလှမ်းတဲ့အပေါ် ၀ါရင့်နိုင်ငံရေး သမားတဦးရဲ့ သုံးသပ်ချက် - ပုဒ်မ ၅၀၅ နဲ့ ၀ရမ်းထုတ်ထားတဲ့ စာရေးဆရာတွေရဲ့ စာအုပ်တွေ မရောင်းဘို့ ဆိုင်တွေကို သက်ဆိုင်ရာက လိုက်လံ အကြောင်းကြားနေတဲ့အပေါ် ထုတ်၀ေသူ စာရေးဆရာ ၀ေမှူးသွင်ရဲ့ တုန့်ပြန်ချက် - ကချင် ပြည်နယ် တနိုင်းမြို့ နယ်မှာ စစ်ကောင်စီတပ်တွေ မိုင်းထိပြီးနောက် ပစ်ခတ်မှုတွေ ဖြစ်လို့ ဒေသခံတွေ စိုးရိမ် နေတဲ့ သတင်းအပါအ၀င် တနင်္လာ မနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ တင်ဆက်ပေးနေပါတယ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဖေ့စ်ဘွတ်ခ် - https://www.facebook.com/BBCnewsBurmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ယူကျု - http://youtube.com/thebbcburmese