ရုရှားရဲ့ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ် မြန်မာစစ်တပ် ရမယ်
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

ကြာသပတေး မနက်ခင်း သတင်းများ (ဩဂုတ်လ ၂၆ ရက် ၂၀၂၁) - ရုရှားရဲ့ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ် မြန်မာစစ်တပ် ရမယ် - မြန်မာပြည်ထဲ လက်နက်မပို့ရေး ကုလအထွေထွေညီလာခံ ဆုံးဖြတ်ချက် ရှိပေမယ့် ရုရှားကတော့ ရှိလက်စ စာချုပ်အတိုင်း ပန်ဆီယာ ဒုံးစနစ်ကို မြန်မာ စစ်တပ်ကို ပေးမယ် - တီးတိန် အစိုးရဘဏ် ပစ်ခတ်မှုမှာ ရဲ ၃ ယောက် သေဆုံးကြောင်း စစ်ကောင်စီ အတည်ပြု - ကာဘူးလ်ကနေ လေကြောင်းနဲ့ ခေါ်ထုတ်တဲ့ အစီအစဥ် မရှိတော့ရင်လည်း အာဖဂန်နစ္စတန်ထဲက ထွက်လာသူတွေကို အမေရိကန် ဆက်လက် ကူညီမယ်လို့ ဝန်ကြီးဘလင်ကင်ပြော - အာဖဂန်နစ္စတန်အရေး တရုတ်နဲ့ရုရှား သမ္မတ နှစ်ယောက် တယ်လီဖုန်းကနေ တဆင့် ပြောဆိုဆွေးနွေး - အာဖဂန်နစ္စတန်ထဲက မူးယစ်ကုန်သွယ်မှု ပြဿနာ၊ အကြမ်းဖက်ဝါဒ ပြဿနာတွေကို ကိုင်တွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ကြဖို့ ရှီကျင်းပင်နဲ့ ပူတင် သဘောတူ - စစ်ရေးမတည်ငြိမ်တဲ့ ကချင်၊ ဝိုင်းမော်မှာ ကိုဗစ်ကြောင့် Stay at Home ကြေညာထားတော့ လက်တွေ့ မြေပြင် အခြေအနေ ဘယ်လိုရှိနေလဲ - မန္တလေးနဲ့ စစ်ကိုင်း မြန်မာပြည် အလယ်ပိုင်းက အဓိက မြို့ကြီးတွေမှာတော့ ကိုဗစ်ကြောင့် လူသေနှုန်း သိသိသာသာ ကျသွားပြီ ...... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #အာဖဂန် #တာလီဘန် #ကာဘူးလ် #အမေရိကန် #ဘိုင်ဒင် #ဘလင်ကင် #တရုတ် #ရုရှား #ရှီကျင်းပင် #ပူတင် #ပန်ဆီယာ #လေကြောင်းရန်ကာကွယ်ရေး #ဒုံးခွင်းဒုံး #ကိုဗစ် #ကချင် #ဝိုင်းမော် #မန္တလေး #စစ်ကိုင်း #ချင်း #တီးတိန်