စစ်ကောင်စီတပ်ဖွဲ့လက်ချက်နဲ့ ဒီပဲယင်းနယ်ထဲ ၂၅ ဦးထက်မနည်း သေဆုံးခဲ့

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

တနင်္လာ မနက်ခင်း သတင်းများ (ဇူလိုင်လ ၅ ရက် ၂၀၂၁) စစ်ကောင်စီတပ်ဖွဲ့လက်ချက်နဲ့ ဒီပဲယင်းနယ်ထဲ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ - ဒဏ်ရာရထားသူတွေရဲ့ ခေါင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေနတ်နဲ့ တေ့ပစ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသပီဒီအက်ဖ်အဖွဲ့ပြော - လက်နက်ကြီးတွေနဲ့ပါ ဆပ်ပြာကျင်းရွာနဲ့ အနီးတဝိုက် စစ်ကောင်စီတပ် တိုက်ခိုက်ခဲ့တယ်လို့ဆို - ရွာ ၁၁ ရွာဝန်းကျင်က လူပေါင်း ၇၀၀၀ ဝန်းကျင်ထွက်ပြေးနေရ ဘာလို့ အထိအခိုက် အသေဆုံးများရသလဲ၊ ဒီပဲယင်း ပီဒီအက်ဖ်ဝင်တစ်ဦး ဘီဘီစီကို ပြောကြားချက် - ကိုဗစ်ပိုးရှိသူ တစ်ရက်တည်း နှစ်ထောင့်သုံးရာ ၂၃,၀၀ ကျော် ထိအောင် တတိယလှိုင်းမှာ စံချိန်တင် အရေအတွက် မနေ့က များပြား။ သေဆုံးသူ ၃၅ ယောက်ရှိကြောင်း ကျန်းမာရေးဌာနထုတ်ပြန် - ရခိုင်မှာလည်း ၁၀ မြို့နယ်ထိအောင် ပျံ့နေတာတွေ့ထားရ။ မောင်တောမှာ သေဆုံးမှုစရှိလာ၊ ပြည်နယ်ကျန်းမာရေး တာဝန်ရှိသူနဲ့ ဘီဘီစီမေးမြန်းခန်း - တောင်အာဖရိက သမ္မဟောင်း ဇူးမားကို လာအဖမ်းခံဖို့ တရားသူကြီးက အမိန့်ချပေမယ့်၊ ကိုဗစ် အချိန် အသက် ၈၀ အရွယ် သူ့ကို ထောင်ထဲပို့ရင် သေဒဏ်ချတာနဲ့ အတူတူပဲမို့ အဖမ်းမခံနိုင်ဘူးဆိုပြီး မစ္စတာဇူးမားပြော - ချီလီစစ်အာဏာရှင် ဗိုလ်ချုပ်ကြီးပီနိုရှေးလက်ထက် ဖွဲ့စည်းပုံ နေရာမှာ အစားထိုးဖို့ အခြေခံဥပဒေသစ်ရေးဆွဲရေး လွှတ်တော် ကျမ်းသစ္စာကျိမ်ဆို၊ လက်ဝဲညွန့်ပေါင်းလွှမ်းထားတဲ့ အခြေခံဥပဒေ ရေးဆွဲရေး လွှတ်တော်ကို ဦးဆောင်ဖို့ ဌာနေမျိုးနွယ်စု ခေါင်းဆောင်အမျိုးသမီးကို မဲအများစုနဲ့ အတည်ပြု - ပုပ်ရဟန်းမင်းကြီး အူမကြီးပြဿနာကြောင့် မေ့ဆေးပေး ခွဲစိတ်မှု ခံယူထားကြောင်း ဗာတီကန်ထုတ်ပြန် .... စတဲ့ နောက်ဆုံးရ မြန်မာသတင်း၊ နိုင်ငံတကာ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #ဒီပဲယင်း #ကနီ #ဘုတလင် #ကောလင်း #ဝမ်ပေါင် #ကြေးနီစီမံကိန်း #ဒေါ်အောင်ဆန်းစုကြည် #ကိုဗစ် #စစ်အာဏာသိမ်း #ရခိုင် #အမေရိကန် #ကယား #ချင်း #PDF #စစ်ကောင်စီ #NUG #မင်းတပ် #ယူကေ #ယူရို၂၀၂၀ #မောင်တော #မန္တလေး #ဂျနီဗာ #လူ့အခွင့်အရေးကောင်စီ #ကုလသမဂ္ဂ #အန်တိုနီယိုဂူတားရက်စ် #ပုပ်ရဟန်းမင်းကြီး #ဗာတီကန် #ပုပ်ဖရန်ဆစ်