အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေ မြန်မာအထူးသံ နေရာ ဘယ်သူ့ကိုခန့်မလဲ
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

တနင်္လာ မနက်ခင်း သတင်းများ (ဩဂုတ်လ ၂ ရက် ၂၀၂၁) အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေ မြန်မာအထူးသံ ဘယ်သူ့ကိုခန့်မလဲ - မြန်မာဆိုင်ရာ အထူးသံ ခန့်ရေး အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေ ဒီနေ့ အစည်းအဝေးမှာ ဆုံးဖြတ်နိုင်မလား စောင့်ကြည့်နေ - နေပြည်တော်ထိ လာဖူးတဲ့ ဘရူနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီး အီရ်ဝန်ယူဆွဖ် ဖြစ်လာဖို့ ထင်ကြေးပေးခံရ - ကိုယ့်ကိုယ်ကိုယ် ဝန်ကြီးချုပ် ခန့်လိုက်တဲ့ မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ ထိုင်းနိုင်ငံခြားရေး ဒုဝန်ကြီးဟောင်းကို ဖြစ်စေချင် - အာဏာသိမ်း ၆ လ တာ ပြည့်ချိန် အိမ်စောင့်အစိုးရ နာမည်ယူတာ တရားဝင် အစိုးရသဖွယ် နိုင်ငံတကာ အသိအမှတ်ပြုလာဖို့ ပြင်ဆင်တဲ့ ခြေလှမ်း အဖြစ် သုံးသပ်မှုတွေ ရှိနေ - အိမ်စောင့် အစိုးရ နာမည်ယူမှု အပေါ် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်မှောက် လူငယ်တွေ ဘယ်လိုရှုမြင်လဲ - စစ်ကောင်စီနဲ့ ဆက်စပ်ပတ်သက်လို့ ဖမ်းထားတဲ့ ကက်သလစ် ဘုန်းတော်ကြီးကို ဘယ်လို အခြေအနေမှာ ပြန်လွှတ်မလဲ ဟားခါး CDF ရဲ့ ဘီဘီစီကို ဖြေကြားချက် - မန္တလေး၊ မုံရွာတို့မှာ ဖြစ်နေတဲ့ လက်ရှိ ကိုဗစ်ကူးစက်မှု အခြေအနေ - ဘေလာရုစ် အိုလံပစ်အသင်း အုပ်ချုပ်သူတွေက ဇွတ်အတင်း အိမ်ပြန်ပို့တာကို လက်မခံပဲ တိုကျိူလေဆိပ်မှာ လေယာဥ်ပေါ် မတက်ပဲ ငြင်းဆန်ခဲ့ပြီး သူ့ကို အကာအကွယ် ပေးဖို့ နိုင်ငံတကာ အိုလံပစ် ကော်မတီကို ပန်ကြားလိုက်တဲ့ ဘေလာရုစ် တာတိုအပြေး အားကစားမယ် အကြောင်း - အီသီယိုပီးယား မြောက်ပိုင်း တိဂရေး လူမျိုးစု ကာကွယ်ရေးတပ် TDF တွေ စစ်ရေးအသာရလာလို့ အီသီယိုပီးယား ဗဟိုအစိုးရက အဲဒီ ဒေသကို အဝင်အထွက် ပိတ်ထား ...... စတဲ့ နောက်ဆုံးရ မြန်မာသတင်း၊ နိုင်ငံတကာ သတင်းတွေကို ရှုစား နားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #အာဆီယံ #အထူးသံ #အိမ်စောင့်အစိုးရ #အောက်စီဂျင် #ကိုဗစ် #မန္တလေး #မုံရွာ #အိုလံပစ် #တိုကျိူအိုလံပစ် #ဟားခါးCDF