အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကသာမြို့နယ် တရားရုံးမှာ တရားသူကြီး၃ပါးထိုင်စနစ်နဲ့ စစ်ဆေးစီရင်နေပြီ

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

- ချောင်းဦးက ကျေးရွာ၂ရွာမှ စစ်ကောင်စီတပ်တွေ မီး၀င်ရှို့လို့ အိမ်ခြေ၂၀၀ကျော်မီးလောင်ဆုံးရှုံးခဲ့သလို ရွာသား၂ယောက်အသတ်ခံရတယ်လို့ ဒေသခံတွေပြော - ဗိုလ်ကြီးဟောင်းထွန်းကြည်ကို လက်နက်ကိုင်တစုကခေါ်ဆောင်သွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ရမ်းဗြဲမှာ တရက်အတွင်း ဒေသခံ ၁၆ယောက်ကိုဖမ်း - ထိုင်၀မ်အရေးမှာ တရုတ်နဲ့ထိုင်၀မ်နှစ်ဘက်စလုံး တာ၀န်ရှိပြီး စစ်ပွဲဟာကောင်းသောရွေးချယ်မှုမဟုတ်လို့ ထိုင်၀မ်သမ္မတရုံးထုတ်ပြန် - ဖိလစ်ပိုင်မှာ တိုင်ဖုန်းမုန်တိုင်း၀င်မွှေပြန်လို့ ရေကြီးမြေပြိုမှုတွေဖြစ်နေ - မန်ယူနဲ့ နယူးကာဆယ် သရေကျပြီးလစ်ဗာပူးလ်ကတော့ မန်တီးစီးကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ဘောလုံးပွဲအကြောင်းတွေ အပါအ၀င် တနင်္လာ မနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ တင်ဆက်ပေးနေပါတယ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဖေ့စ်ဘွတ်ခ် - https://www.facebook.com/BBCnewsBurmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ယူကျု - http://youtube.com/thebbcburmese