ယူကရိန်းရဲ့ ဆိုလီဒါးမြို့ကို သိမ်းပိုက်လိုက်ပြီလို့ ရုရှားကပြောသလို ၊ အဲဒီမြို့မှာတိုက်ပွဲတွေ ဆက်ဖြစ်နေစဲလို့ ယူကရိန်းက ဆို

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

- မီးလောင်ပြီးနောက်ပြန်ဆောက်နေတဲ့ ရန်ကုန်ကမင်္ဂလာစျေး နှစ်ပေါင်းများစွာကြာသည့်တိုင်မပြီးလို့ စျေးသူ စျေးသားတွေ အခက်ကြုံနေရပုံကို ပြောပြထား - ထိုင်း၊ မြန်မာ၊လာအို နယ်စပ် ရွှေတြိဂံနားမှာ မူးယစ်ဆေးမှောင်ခိုသမားလို့ ယူဆရသူ ၅ ဦးကို ပစ်သတ်လိုက်တယ်လို့ ထိုင်းစစ်တပ်ကပြော - တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က ဟောလိုး၀င်းပွဲတော်ညက လူရာချီသေဆုံးမှုဖြစ်ရပ်နဲ့ပတ်သက်လို့ အစီရင်ခံစာ ထွက်ပေါ်လာပြီး အရာရှိငယ်တွေကိုသာ အပြစ်ပုံချကာ အရာရှိကြီးတွေကတာ၀န်ခံမှုမရှိဘူးလို့ ပြောနေကြပြီ - ဘာစီလိုးနားကစားသမားဟောင်းလည်းဖြစ် ၊ ချစ်သူဟောင်းလဲဖြစ်တဲ့ ပီကေးရဲ့ ဖောက်ပြားမှုကို စပ်ဆိုထားတဲ့ ရှက်ကီရာ ရဲ့ သီချင်းဗီဒီယို ဟာ လူကြည့်အများဆုံး လက်တင်သီချင်း ဖြစ်သွားခဲ့ - လိဒ်ကို ဗီလာက အနိုင်ရလိုက်တဲ့ ပရီးမီးယားလိဂ် ဘောလုံးပွဲ အကြောင်း အပါအ၀င် စနေမနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ တင်ဆက်ပေးနေပါတယ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဖေ့စ်ဘွတ်ခ် - https://www.facebook.com/BBCnewsBurmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ယူကျု - http://youtube.com/thebbcburmese