စစ်ကောင်စီစစ်ကြောရေးမှာ အနှိပ်စက်ခံခဲ့ရကြောင်း သတင်းအယ်ဒီတာချုပ်ထွက်ဆို

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

တနင်္လာ မနက်ခင်း သတင်းများ (၂၈ ဇွန်လ ၂၀၂၁) စစ်ကောင်စီစစ်ကြောရေးမှာ အနှိပ်စက်ခံခဲ့ရကြောင်း သတင်းအယ်ဒီတာချုပ်ထွက်ဆို - စစ်ကောင်စီရဲ့ ရိုက်နှက်ညှင်းပမ်းတာ ခံရကြောင်း ကမာရွတ်သတင်းမီဒီယာ အယ်ဒီတာချုပ် နိုင်ငံတကာမီဒီယာထက်ပြောကြား - နားအုံနှစ်ဘက်လုံး အကြိမ်ကြိမ်အရိုက်ခံရ၊ မျက်နှာအနှံ့ထိုးကြိတ်ခံရ၊ လက်နောက်ပြန်လက်ထိပ်ခတ်၊ မျက်လုံးကိုအဝတ်စီး သီတင်းတစ်ပတ်ကျော် စစ်ဆေး၊ ပထမ ၃-၄ ရက် အဆိုးဆုံး၊ အိပ်ခွင့်မပေး၊ ဘာပြောပြော အရိုက်ခံရတယ်လို့ ကိုနေသန်မောင်ပြော - ဂန့်ဂေါဘက်ကလာတဲ့ စစ်ယာဥ်တန်းကို သူတို့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ တပ်ဖွဲ့ဝင် အနည်းဆုံး ၉ ဦး သေဆုံးကြောင်း ကလေး PDF ကြေညာ - ကိုဗစ်ပိုးတွေ့သူ အရေအတွက် ဆက်လက် မြင့်တက်၊ မန္တလေးမှာ ကိုဗစ်လူနာ ကုလက်စ ဆေးရုံကြီး ၆ ခုလုံးမှာ လူပြည့်လို့ အရေးပေါ် နောက်တစ်နေရာ ဖွင့်ထားရ - လူနာတွေကို ပို့ဆောင်ပေးနေတဲ့ လူမှုကူညီရေးအဖွဲ့က တာဝန်ရှိသူနဲ့ ဘီဘီစီ မေးမြန်းခန်း - ငပလီက ပညာရေး ဝန်ထမ်း ကိုဗစ်ပိုးတွေ့ထားတဲ့ ကျောင်းဆရာမနဲ့ ထိတွေ့ ဆက်စပ်သူ နောက် ၇ ယောက်မှာလည်း ကိုဗစ်တွေ့လာ၊ သံတွဲ ဆေးရုံအုပ်ကြီးနဲ့ ဘီဘီစီမေးမြန်းခန်း - ဆိုမာလီမှာ အစ္စလာမ်မစ် လက်နက်ကိုင် အယ်လ်ရှာဘတ် အဖွဲ့ဝင် ၂၁ ယောက်ကို အစုလိုက်အပြုံလိုက် သေဒဏ်ပေး၊ သေနတ်တပ်ဖွဲ့နဲ့ ပစ်သတ်ပြီး စီရင် - အင်္ဂါဂြိုဟ် မားစ်မျက်နှာပြင်ပေါ် တရုတ်ရဲ့ ရိုဗာယာဥ် သွားလာ ခုတ်မောင်းနေတဲ့ပုံ တရုတ်အာကာသ အေဂျင်စီထုတ်ပြန် - ယူရို ၂၀၂၀ ပွဲစဥ်တွေမှာ နယ်သာလန်ကို ကမ္ဘာ့အဆင့် သတ်မှတ်ချက် ကွာခြားပြီး အောက်ရောက်တဲ့ ချက်ရီပတ်ဘလစ်က ၂ ဂိုးပြတ် အနိုင်ယူ - အခုနှစ် ဗိုလ်စွဲနိုင်တယ်လို့ ပြင်သစ်နဲ့အတူ ရေပန်းစားတဲ့ ဘယ်လ်ဂျီယမ်၊ စီရိုနယ်ဒိုရဲ့ ပေါ်တူဂီကို တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ယူ ကွာတားတက် - ဒီနေ့ခရိုအေးရှားနဲ့ စပိန်၊ ပြင်သစ်နဲ့ ဆွစ်ဇာလန် ယူရိုပွဲတွေ ဆက်ရှိ ..... စတဲ့ နောက်ဆုံးရ မြန်မာသတင်း၊ နိုင်ငံတကာ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #ဒေါ်အောင်ဆန်းစုကြည် #ကိုဗစ် #စစ်အာဏာသိမ်း #ရခိုင် #အမေရိကန် #ကယား #ချင်း #PDF #စစ်ကောင်စီ #NUG #မင်းတပ် #ယူကေ #ယူရို၂၀၂၀ #ကလေး