ကိယက်ဗ်မြို့ လောင်စာဆီသိုလှာင်ကန်ကို ရုရှားက ဒုံးကျည်နဲ့ ပစ်ခတ်ဖောက်ခွဲ

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

ကိယက်ဗ်မြို့ လောင်စာဆီသိုလှာင်ကန်ကို ရုရှားက ဒုံးကျည်နဲ့ ပစ်ခတ်ဖောက်ခွဲ - ရုရှားရဲ့ လက်နက်ကြီး ဒဏ်၊ ဒုံးကျည်ဒဏ်တွေ ကြံ့ကြံ့ခံရင်း ကိယက်ဗ်မြို့ခံတွေ မြေအောက် ဗုံးခိုကျင်းတွေ၊ ယာယီ ခိုလှုံရာ နေရာတွေမှာ ၃ ည မြောက် ဖြတ်ကျော်နေရ - ကိယက်ဗ်အနီးက လောင်စာဆီကန်ကို မစ်ဆိုင်းဒုံးကျည်နဲ့ ပစ်ခတ် ဖောက်ခွဲခံရတယ် ဆိုတဲ့ သတင်းတွေဝင်လာ၊ ပေါက်ကွဲသံတွေ ကျယ်လောင်စွာ ပေါ်ထွက်၊ ကောင်းကင်တစ်ခုလုံးနီရဲနေ - အဇာဘာဂျန်နဲ့ တူရကီ သမ္မတတွေက ယူကရိန်းကရေး ရုရှားနဲ့ကြား ကြားဝင်ဆွေးနွေးပေးမယ် ဆိုပြီး ကမ်းလှမ်း၊ ယူကရိန်း သမ္မတ ဇယ်လင်စကီး ကြိုဆို - ရုရှားပြည်သူတွေ ပူတင်ကို ထိန်းကျောင်း ဟန့်တား ဖိအားတွေ ပေးပြီး ယူကရိန်းထဲ ကျူးကျော် ဝင်ရောက် တိုက်ခိုက်နေတာတွေ တန့်သွားအောင် လုပ်ပေးကြဖို့လည်း ဇယ်လင်စကီး ပန်ကြား - ရုရှားမြေပြင်တပ်တွေ ရှေ့ကိုတိုးလာနေတဲ့ အထောက်အထားတွေ တွေ့နေရ၊ ယူကရိန်းက ထွက်ပြေးကြရသူတွေ တစ်သိန်းခွဲ ဝန်းကျင် ရှိနေပြီ။ သေဆုံးရသူတွေလည်း ၂၀၀ ထက်မနည်း ရှိကြောင်း အတည်ပြုထားရ - ဒီအချိန် နေးတိုးစစ်ရေး မဟာမိတ် အဖွဲ့ ဘာတွေ တုန့်ပြန် ဆောင်ရွက်နေလဲ ဘီဘီစီရဲ့ အထူး သတင်းလွှာ .... - ပါကစ္စတန်ကို နေပြည်တော် စစ်ဗိုလ်ချူပ်တွေရဲ့ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ သွားရောက်ဖို့ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ် - ပါကစ္စတန်ဆီက ဝယ်ထားတဲ့ စိန်ပြောင်း မော်တာတွေ၊ လောင်ချာသေနတ်တွေကို မပို့ခင် သွားစစ်တာလို့ ဒေသတွင်း သတင်းတွေကဆို - ပြီးခဲ့တဲ့နှစ်ထဲမှာလည်း ပါကစ္စတန် စစ်တပ်က သူတွေ နေပြည်တော်ကို တိတ်တဆိတ်ရောက်လာပြီး စစ်တပ်သုံး လေယာဥ်တွေကို ထိန်းသိမ်းရေး အပါအဝင် ပူးပေါင်း ဆောင်ရွက်တာတွေ လုပ်ကြဖို့ ညှိနှိုင်းခဲ့ - မြန်မာအာဏာသိမ်း စစ်တပ်က တိုက်လေယာဥ်တွေမှာ တပ်ဆင်ဖို့ ဝေဟင်ကနေ မြေပြင်ပစ် ဒုံးတွေလည်း ပါကစ္စတန်ဆီက ဝယ်ဖို့ လုပ်ဆောင်နေတယ်လို့ စောင့်ကြည့်သူတွေပြော ..... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com