ယူကရိန်းနယ်ထဲ ရုရှားတပ်တွေ ဝင်ဖို့ ပူတင် အမိန့်ပေးပြီ

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

ယူကရိန်းနယ်ထဲ ရုရှားတပ်တွေ ဝင်ဖို့ ပူတင် အမိန့်ပေးပြီ - ရုရှားက သီးသန့်လွတ်လပ်ကြောင်း အသိအမှတ် ပြုလိုက်တဲ့ ဒွန်းညက်စ်နယ်ထဲ သံချပ်ကားယာဥ်တန်း ဝင်လာတယ်လို့ မျက်မြင်တွေပြော - ယူကရိန်း နယ်မြေ ၂ ခု၊ ဒွန်းညက်စ်နဲ့ လုဟန့်စ်ကို သီးသန့် ရီပတ်ဘလစ်နိုင်ငံတွေ ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင် ကြေညာ - အဲဒီနယ်တွေထဲ ရုရှားတပ်တွေ ငြိမ်းချမ်းရေး ထိန်းသိမ်းနိုင်ဖို့ လုပ်ဆောင်မယ်လို့လည်း ပူတင်ပြော - အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် ရုရှားရဲ့လုပ်ဆောင်မှု အပေါ် ချက်ခြင်းတုန့်ပြန်ပြီး ပိတ်ဆို့မှုတွေ ချမှတ် - ဥရောပ သမဂ္ဂ အီးယူ အဖွဲ့က ခေတ်အဆက်ဆက် ပထမဆုံး အကြိမ် အနေနဲ့ မြန်မာစစ်တပ် ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းကို ပိတ်ဆို့မှု ချမှတ် - အရပ်သားတွေကိုပါ မရှောင် ဗုံးကြဲနေတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ထိန်းချုပ်နိုင်အောင် လေယာဥ်ဆီတွေ မြန်မာပြည်ထဲ မဝင်နိုင်ရေးကိုပါ လုပ်ဆောင်ကြဖို့ လူ့အခွင့်အရေး အဖွဲ့တွေ ဆော်ဩ - အီးယူရဲ့ ပိတ်ဆို့မှု ထပ်တိုးစာရင်းထဲ ထူးအုပ်စု၊ MOGE တို့ အပြင် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၂၀ ကျော် ပါဝင် - စစ်ကောင်စီရဲ့ ကိုယ်စားပြုမှု အပေါ် အခြေခံပြီး ကြားနာမှု ရှေ့ဆက်တဲ့ အပေါ် ICJ အဝေဖန်ခံနေရ - ICJ မှာ စီရင်ခွင့် မရှိဘူး၊ ဂမ်ဘီယာတင်တဲ့ ရိုဟင်ဂျာ ဂျီနိုဆိုက်မှု အမှု မမြောက်ဘူး ဆိုပြီး နေပြည်တော်က လွှတ်လိုက်တဲ့ ကိုယ်စားလှယ် ICJ ရှေ့မှောက် လျှောက်ထား - မနက်ဖြန် ဂမ်ဘီယာ လျှောက်ထားမယ် ..... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com