ယူကရိန်းဒုတိယမြို့တော် ခါးကစ်ဗ်မှာ ရုရှားလက်နက်ကြီးကြောင့် အရပ်သား ၁၁ ယောက် သေဆုံး
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

ယူကရိန်းဒုတိယမြို့တော် ခါးကစ်ဗ်မှာ ရုရှားလက်နက်ကြီးကြောင့် အရပ်သား ၁၁ ယောက် သေဆုံး - စစ်ရေးပစ်မှတ်မရှိတဲ့ ခါးကစ်ဗ် လူနေရပ်ကွက်တွေထဲ ရုရှားက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ယူကရိန်းဘက်ကပြော - ရုရှားတပ်တွေ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ကြောင်း ခိုင်မာတဲ့ အထောက်အထားတွေ ရှိနေတယ်လို့ ကုလ အတွင်းရေးမှူးချုပ် ဂူတားရက်စ်ကလည်း လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ အရေးပေါ် ခေါ်ယူတဲ့ အထွေထွေညီလာခံမှာ ပြောကြား - ဒီအချိန်မှာပဲ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ရဲ့ တရားစွဲရှေ့နေ ကာရင်မ်ခန်းက ရုရှားကျူးလွန်ထားတာတွေကို ICC မှာ စီရင်နိုင်ဖို့ လုပ်နေပြီလို့ ကြေညာ - အခုကျူးကျော်မှု အတွက်သာမက ခရိုင်းမီးယားကို ဝင်သိမ်းတဲ့ ၂၀၁၄ ကျူးကျော်မှုတုန်းကပါ ရုရှားဘက်က ဆိုးရွားတဲ့ ကျူးလွန်မှုတွေ လုပ်ခဲ့တဲ့ သက်သေတွေ ရှိနေတယ်လို့ ကာရင်မ်ခန်းပြော - ရုရှားရော ယူကရိန်းပါ ICC အဖွဲ့ဝင် မဟုတ်ပေမယ့် ICC တရားစီရင်ပိုင်ခွင့်ကို ယူကရိန်း လက်ခံထား - ရုရှားရဲ့ လေယာဥ်နဲ့ သင်္ဘော အားလုံးကို ကမ္ဘာပေါ်က ဘယ်လေဆိပ်၊ ရေဆိပ်ကမှ လက်မခံဖို့ ယူကရိန်း သမ္မတ ဇယ်လန်စကီး ပန်ကြား - ရုရှားဆီက စွမ်းအင်လောင်စာတွေ ဆက်ဝယ်နေရင်လည်း လူသတ်ဖို့ ငွေပေးနေသလို ဖြစ်နေမှာပဲလို့ သမ္မတ ဇာလန်စကီးပြော - ဆောနဲ့ကန်ပက်လက် ကြားက ရွာတွေတဝိုက် ၉ ရက် ဆက် ဖြစ်နေတဲ့ တိုက်ပွဲတွေ အကြောင်းနဲ့ ရေစကြိုထဲက ရေလယ်ကျွန်း ဒေသမှာ အထိနာခဲ့တဲ့ စစ်ကောင်စီတပ်တွေ ရွာတွေကို ဝင် မီးရှို့ခဲ့တယ် ဆိုတဲ့ သတင်းတွေ အပါအဝင် မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com