ဘင်္ဂလားဒေ့ရှ်မှာ လေထုညစ်ညမ်းမှုကြောင့် နိုင်ငံစီးပွားရေးကို ထိခိုက်လာစေတယ်လို့ ကမ္ဘာဘဏ်ထုတ်ပြန်
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

- မန္တလေးတိုင်းမြို့နယ် ၅ ခုမှာ စစ်ကောင်စီအဖွဲ့ဝင်တွေက မီးရှို့ရာမှာ နိုဝင်ဘာ တစ်လအတွင်း နေအိမ် ၃၀၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ NUG ထုတ်ပြန် - စစ်ကိုင်းတိုင်း ထီးချိုင့်ဘက်မှာတော့ နိုဝင်ဘာလကုန်ကနေ ခုဒီဇင်ဘာလဆန်းအထိ ကျေးရွာ ၇ရွာလောက်မှာ စစ်ကောင်စီတပ်တွေ၀င်မီးရှို့လို့ နေအိမ်ရာနဲ့ချီ မီးလောင်ပျက်စီးထားပြီလို့ ဒေသခံတွေကပြောသလို KIA နဲ့ PDF တပ်ဖွဲ့တွေ ဆုတ်ခွာရင်းမီးရှို့ခဲ့လို့ နေအိမ်ရာနဲ့ချီ ဆုံးရှုံးတယ်လို့ စစ်ကောင်စီကထုတ်ပြန် - ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း ဆင်အင်းကြီးရွာမှာ စစ်ကောင်စီတပ်ဖွဲ့တွေက လက်ချက်ကြောင့် အရပ်သား ၁၀ ယောက်သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့တဲ့အကြောင်း ဒေသခံရဲ့ ပြောပြချက် - ကိုဗစ်ကာလ နေရပ်ပြန်လိုသူတွေကို အခကြေးငွေယူပြီး ကယ်ဆယ်ရေးလေကြောင်းခရီးစဥ်တွေပေါ် တင်ပေးတဲ့ ဗီယက်နမ်သံအရာရှိတွေ ဖမ်းဆီး ခံရ - ဆီနီဂေါကို နိုင်တဲ့ အင်္ဂလန် နဲ့ ပိုလန်ကိုနိုင်တဲ့ ပြင်သစ်တို့ ကွာတားဖိုင်နယ် တက်သွားပြီး လာမယ့် ဒီဇင်ဘာမှာ ကစားမယ့် အကြောင်း အပါအ၀င် တနင်္လာ မနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ တင်ဆက်ပေးနေပါတယ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဖေ့စ်ဘွတ်ခ် - https://www.facebook.com/BBCnewsBurmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ယူကျု - http://youtube.com/thebbcburmese