အာဆီယံက မြန်မာ့အရေး ဆွေးနွေးမှု စစ်ကောင်စီတုံ့ပြန်

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

နိုဝင်ဘာလ ၁၅ရက် အင်္ဂါ မနက်ခင်း သတင်းများ - ယူကရိန်းနဲ့ မြန်မာ့အရေး ကွာခြားတယ်လို့ စစ်ကောင်စီတုံ့ပြန်။ - ကယားစစ်ရှောင်စခန်းတချို့မှာ ကလေးငယ်တွေ သံကောင်ရောဂါ ခံစားနေရ။ - အမေရိကန်နဲ့ တရုတ် အကြား စစ်အေးတိုက်ပွဲသစ် ဖြစ်လာနိုင်စရာ ရှိနေတယ် ဆိုတဲ့ စိုးရိမ်မှုတွေကို သမ္မတ ဂျိုးဘိုင်ဒန်က ပယ်ချ။ - ရုရှားနဲ့ စေ့စပ်ညှိနှိုင်းမှု ဒါမှမဟုတ် အပေးအယူနည်းလမ်း တွေကို လက်ခံသွားမှာ မဟုတ်ကြောင်း ယူကရိန်းဗိုလ်ချုပ်ကြီး ဗယ်လာရီ ဇယ်လက်ဇ်နီက ပြောကြား။ - ရုရှားတပ်တွေ ဆုတ်ခွာသွားတဲ့ ခါဆွန်မြို့ကို သမ္မတ ဇယ်လန်းစကီးက ရုတ်တရက် သွားရောက်ခဲ့ပြီး လွတ်မြောက်ရေး မိန့်ခွန်းပြော။ - အီရန်နိုင်ငံမှာ နှစ်လကျော်ကြာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေက အပြင်းအထန် ဖိနှိပ်နေတဲ့ အတွက် နိုင်ငံတကာရဲ့ ပြစ်တင် ဝေဖန်မှုတွေ တိုးလာနေတဲ့ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း