နိုင်ငံရေး အကျဥ်းသားတွေ ချက်ခြင်းလွှတ်ဖို့ စစ်ကောင်စီကို အီးယူထိပ်တန်းအရာရှိ တောင်းဆို
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

စနေ မနက်ခင်း သတင်းများ (ဩဂုတ်လ ၁၄ ရက် ၂၀၂၁) နိုင်ငံရေး အကျဥ်းသားတွေ ချက်ခြင်းလွှတ်ဖို့ စစ်ကောင်စီကို အီးယူထိပ်တန်းအရာရှိ တောင်းဆို - မြန်မာပြည်ထဲ အကြမ်းဖက်မှုတွေရပ်ပြီး နိုင်ငံရေး အကျဥ်းသားတွေ ချက်ခြင်းလွှတ်ဖို့ အီးယူရဲ့ နိုင်ငံခြားရေးနဲ့ လုံခြုံရေး မူဝါဒပိုင်း ဆိုင်ရာ အကြီးအကဲ ဂျိုးဆက်ဖ် ဘိုရဲလ်တောင်းဆို - မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန် အီရာဝန်ယူစွဖ်နဲ့ ဂျိုးဆက်ဖ်ဘိုရဲလ် တယ်လီဖုန်းကနေ တဆင့် စကားပြောဆို - ကျန်းမာရေးဆိုင်ရာ လူပုဂ္ဂိုလ်နဲ့ နေရာထိုင်ခင်းတွေကို အာဏာသိမ်း စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်တာ အကြိမ် ၂၅၀ ကျော် ရှိခဲ့တယ်လို့ ဝါရှင်တန် အခြေစိုက်အဖွဲ့က အစီရင်ခံစာထုတ် - ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး ကျန်းမာရေး ဝန်ထမ်းတွေကို တိုက်ခိုက်သူတွေကို အပစ်ပေး အရေးယူနိုင်ရေး လုပ်ဆောင်ကြဖို့ နိုင်ငံတကာမိသားစုကို အဲဒီ ညွန့်ပေါင်း အဖွဲ့ ပန်ကြား - ကဘူးလ်ကနေ တစ်နေ့ကို လူတွေ ထောင်ချီ ကယ်ထုတ်နိုင်ဖို့ အမေရိကန် ပြင်ဆင်နေ - တာလီဘန်တွေ ကဘူးလ်ထိ သိမ်းနိုင်တော့မလား စိုးရိမ်မှုတွေ မြင့်တက် - စစ်ကြောင့် ထွက်ပြေးနေရတဲ့ အရပ်သားတွေကို နယ်စပ်တွေ ဖွင့်ပေးပြီး ဝင်ခွင့်ပြုဖို့ အာဖဂန်ရဲ့ အိမ်နီးချင်းနိုင်ငံတွေကို ကုလပန်ကြား - NLD ဒုဥက္ကဌ၊ မန္တလေးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကိုဗစ်ကူးခံ ထားရပြီး အောက်ဆီဂျင်ရှူနေရ၊ သူ့ရဲ့ ရှေ့နေနဲ့ ဘီဘီစီ ဆက်သွယ်မေးမြန်းခန်း - ရခိုင်မှာ မွတ်ဆလင် IDP စခန်းတွေထဲ ကိုဗစ်ကာကွယ်ဆေး ထိုးမပေးဘူး ဆိုပြီး နိုင်ငံတကာ ဝေဖန်မှုတွေ ရှိနေချိန် ကျောက်ဖြူမှာ ထိုးပေးပြီးပြီ၊ စစ်တွေနဲ့ ပေါက်တောမှာတော့ ကျန်သေးတယ်လို့ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း ဘီဘီစီကိုပြော - ကချင် မြစ်ကြီးနားက KBBC ဖွင့်ထားတဲ့ သီတာအေး IDP စခန်းထဲမှာလည်း ပိုးတွေ့သူ ၂၅ ယောက်ကျော် ရှိ၊ သူတို့ကို ဘယ်လို စောင့်ရှောက်မှု ပေးနေလဲ၊ KBBC တာဝန်ရှိသူနဲ့ ဘီဘီစီ ဆက်သွယ်မေးမြန်းခန်း ..... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #အီးယူ #အာဆီယံ #အာဖဂန် #တာလီဘန် #အမေရိကန် #IDP #စစ်တွေ #မြစ်ကြီးနား #NLD #မန္တလေး #ဒေါက်တာဇော်မြင့်မောင်