အလောင်းတွေနဲ့ အသေသာပြန်ရလိုက်တဲ့ ကိယက်ဗ်ဒေသ
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

အလောင်းတွေနဲ့ အသေသာပြန်ရလိုက်တဲ့ ကိယက်ဗ်ဒေသ - ရုရှားတပ်တွေ ဆုတ်သွားတဲ့ ကိယက်ဗ်မြို့တော် အနီး ဘူချာမြို့မှာ ရုပ်အလောင်းတွေ ရာချီ မြှုပ်နှံထား - လက်ပြန်ကြိုးတုပ် ခေါင်းကို ပစ်သတ်ခံ ထားရတဲ့ အရပ်ဝတ်တွေ အလောင်းတွေ လမ်းပေါ် ပြန့်ကျဲနေတာ တွေ့ရ - ရုရှားကျူးကျော်စစ် သီတင်း ၅ ပတ် အကြာ မြို့တော် ကိယက်ဗ်ကို မသိမ်းနိုင်ပဲ ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ မြို့တော် တဝိုက် ဒေသတွေကနေ ဆုတ်ခွာသွားရ - သီရိလင်္ကာမှာ ကာဖျူးထုတ်၊ ဆန္ဒပြရင်ဖမ်း အမိန့်ထုတ်ရုံတင်မက ဆိုရှယ်မီဒီယာတွေကိုပါ ပိတ်ပင်၊ ကုန်စျေးနှုန်း၊ လောင်စာဆီနဲ့ ဆေးဝါး ပြတ်လပ်လို့ ဆန္ဒပြကြတာကို ထိန်းချုပ်ဖို့ သီရိလင်္ကာအစိုးရ ကြိုးစား၊ နိုင်ငံခြားငွေ မရှိတော့လို့ တစ်နေ့ကို ၁၃ နာရီပဲ မီးပေးနေရ - အခြေအနေတွေ ဘယ်လိုပဲ ပြောင်းပြောင်း မြန်မာကို အားပေး ကူညီမှု ဆက်ပေးမှာ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ဦးဝဏ္ဏမောင်လွင်ကိုပြော - အိမ်နီးချင်း အထူးဆက်ဆံရေး အစဥ်ထားရှိတယ်လို့ ပြောရင်း တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်း အဓိက ပရောဂျက်တွေ အရှိန်မြှင့်ဖို့ ဝမ်ယိ ပြောဆိုခဲ့ - ကယားပြည်မှာ ဖုန်းလိုင်း အင်တာနက်လိုင်းတွေ မရလို့ တကွဲစီ စစ်ရှောင်နေရတဲ့ မိသားစုတွေ အဆက်အသွယ်တွေ ပြတ်နေရတဲ့ အကြောင်း - ကချင်မြို့တော် မြစ်ကြီးနားမြို့ပေါ်မှာ ဗုန်းကွဲမှုတွေ ခပ်စိတ်စိတ် အဖြစ်များလာ - တရုတ်ပြည်ထဲလည်း မသွင်းနိုင်၊ နိုင်ငံရေးလည်း မကောင်းတဲ့ ဒဏ်ကြောင့် သရက်ခြံတွေထဲ ရေစက်ဆီဖိုး အကုန်မခံ ရေနဲ့ဆီ မလဲတော့ပဲ ရေမသွင်းပဲ နေလိုက်တော့တဲ့ ခြံတောင်သူတွေရဲ့ အဖြစ် ... စတဲ့ နောက်ဆုံးရ နိုင်ငံတကာနဲ့ ပြည်တွင်းသတင်းတွေ ကြည့်ရှုနားဆင် နိုင်ပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com