အိန္ဒိယမှာ ပေ၄၀၀ကျော်နက်တဲ့ ရေတွင်းထဲကျသွားတဲ့ ကလေးငယ် သုံးရက်အကြာမှာ သေဆုံးသွား

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

- စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးမှုကြောင့် စိုက်ထားတဲငရုတ်ခင်းတွေဆုံးရှုံးခဲ့ရတဲ့ ထီးလင်း ၊ ဂန့်ဂေါ ၊ ပခုက္ကူက ငရုတ်စိုက်တောင်သူတွေ သိန်းရာနဲ့ချီ နစ်နာ - သွင်းကုန်လိုင်စင် လျှောက်ထားရာမှာ ပို့ကုန်ဝင်ငွေရှိသလောက်သာ လျှောက်ထားနိုင်တယ်လို့ ကုန်သွယ်ရေးဦးစီးဌာန၊ မြဝတီကုန်သွယ်ရေးဇုန်က ကြေညာတဲ့အတွက် လုပ်ငန်းရှင်တွေရင်ဆိုင်ရတဲ့အခက်အခဲ - ရခိုင်ပြည်နယ် ပေါက်တောက ငှက်ချောင်းမူဆလင်ဒုက္ခသည်စခန်းမှာရိက္ခာမထောက်ပံ့တာ ၂လခွဲရှိလာပြီး ၅နှစ်အောက် ကလေးငယ်တွေလည်း သေဆုံးမှု ရှိလာ - ထိုင်းမှာ ဆေးခြောက်နဲ့ပတ်သက်တဲ့ ပြိုင်ပွဲတွေကျင်းပပြီး ဆု၃မျိုး ရွေးချယ်အပ်နှင်းခဲ့တဲ့ အကြောင်း အပါအ၀င် တနင်္လာ မနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ တင်ဆက်ပေးနေပါတယ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဖေ့စ်ဘွတ်ခ် - https://www.facebook.com/BBCnewsBurmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ယူကျု - http://youtube.com/thebbcburmese