ထား၀ယ် ကမျောကင်းရွာမှာ လူဦးရေစာရင်းလာကောက်တဲ့သူတွေကို ပစ်ခတ်ရှင်းလင်းစဥ် တစ်ယောက်သေ တစ်ယောက်ဒဏ်ရာနဲ့ထွက်ပြေး

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

ဘရာဇီး သမ္မတဟောင်းထောက်ခံသူတွေ လွှတ်တော်တွင်း၀င်စီးနင်းမှု ဖြစ်ခဲ့ပြီးနောက်တစ်နေ့မှာ သမ္မတဟောင်း ဗိုက်နာလို့ ဆေးရုံတင်ထားရတယ်လို့ ဇနီးဖြစ်သူက အတည်ပြု ပြောဆို - အီရန်မှာ အစိုးရဆန့်ကျင်သူနောက်ထပ်နှစ်ယောက်ကို အာဏာပိုင်တွေက ကြိုးပေးကွပ်မျက်မယ်လို့ သတင်းတွေထွက်ခဲ့ပြီးနောက် အကျဥ်းထောင်ရှေ့မှာ ဒါဇင်နဲ့ချီပြီးလူတွေ လာရောက်ဆန္ဒပြသူ - တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းကိုဗစ်ကူးစက်ခံရသူ ၉၀ရာနှုန်းအထိ ရှိလာပြီး တတိယ ကူးစက်မှုအများဆုံး ပြည်နယ်လို့ အုပ်ချုပ်ရေးမှူးကပြောပေမယ့် ဗဟိုအစိုးရထုတ်ပြန်ချက်နဲ့ ကွဲလွဲနေ - အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားမှာ ဆိုင်ကလုန်းမုန်တိုင်း၀င်မယ့် သတိပေးချက်ကြောင့် သဘာ၀ဘေး တားဖို့ ပြင်ဆင်နေ - အသက် ၃၃နှစ်အရွယ် ၀ေလဘောလုံးအသင်းခေါင်းဆောင် ဂဲရက်သ်ဘေးလ် ဘောလုံး အားကစားကနေ ချက်ချင်း အနားယူတော့မယ်လို့ လူမှုကွန်ယက်ပေါ်ကနေ ထုတ်ပြန်ကြေညာ - အာဆင်နယ်က အောက်စဖို့ ယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ FA ဘောလုံးပွဲ အကြောင်း အပါအ၀င် အင်္ဂါမနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ တင်ဆက်ပေးနေပါတယ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဖေ့စ်ဘွတ်ခ် - https://www.facebook.com/BBCnewsBurmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ယူကျု - http://youtube.com/thebbcburmese #ဘီဘီစီမြန်မာပိုင်း #တရုတ်-မြန်မာ ဆက်ဆံရေး #ရုရှား-မြန်မာ #စစ်ကောင်စီ #လုံခြုံရေးကောင်စီ