အာဆီယံဆွေးနွေးပွဲမှာ တစ်ပတ်လုံး ဘလင်ကင်ရှိနေမယ်

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

တနင်္ဂနွေ မနက်ခင်း သတင်းများ (ဩဂုတ်လ ၁ ရက် ၂၀၂၁) - အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကင် အာဆီယံနိုင်ငံတွေနဲ့ လာမယ့် သီတင်းတစ်ပတ်လုံး အွန်လိုင်းဆွေးနွေးပွဲတွေ လုပ်နေမယ် - အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ နှစ်လည်ဆွေးနွေးပွဲ၊ မြန်မာလည်း ပါတဲ့ မဲခေါင်မြစ်ဝှမ်းနိုင်ငံတွေရဲ့ ဆွေးနွေးပွဲ စတာတွေမှာ ဝန်ကြီးဘလင်ကင် ပူးပေါင်းပါဝင်မယ်လို့ ဝါရှင်တန်ကလာတဲ့ သတင်းတွေကဆို - အာဆီယံမှာ တရုတ်ဩဇာကို ချိန်ခွင်လျှာညှိဖို့ သမ္မတဘိုင်ဒင် အစိုးရ အလေးထားနေတယ်လို့ အကဲခတ်တွေကပြော - မြန်မာ့ အကျပ်အတည်း ဖြေရှင်းရေး အာဆီယံ သဘောတူမှု ၅ ချက်ကို အကောင်အထည်ဖော်ဖို့ ဝန်ကြီးဘလင်ကင် ထပ်မံ တိုက်တွန်းလာဖွယ်ရှိ - အာဏာသိမ်းပြီး ၆ လတာ အတွင်း စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေဟာ နိုင်ငံတကာ ပဋိညာဉ်တွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမျိုးထိ မြောက်နိုင်တယ်လို့ နယူးယောက် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ HRW ဝေဖန် - တာဝန်ရှိသူတွေကို အပြစ်အပေး အရေးယူနိုင်ရေး ဝိုင်းဝန်းလုပ်ကြဖို့ နိုင်ငံတကာ မိသားစုကို HRW တိုက်တွန်း - မင်းတပ်-မတူပီ ကားလမ်းမပေါ် တိုက်ပွဲမှာ စစ်ကောင်စီတပ်က အဆင့်မြင့် အရာရှိ ကျဆုံးတဲ့အထိ အထိနာသွားကြောင်း ဒေသခံ ကာကွယ်ရေးတပ်တွေ ဘက်က ထုတ်ပြန် - စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အဲဒီအရပ်မှာ ပိတ်မိနေပြီး ဒေသခံ ကာကွယ်ရေးတပ်တွေက နယ်မြေရှင်းလင်းနေတယ်လို့ ဒေသခံ CDF ပြောခွင့်ရသူက ဘီဘီစီကိုပြော - Stay at Home ထဲ ပါလာတဲ့ မန္တလေးတိုင်းထဲက ငါန်းဇွန်မှာဆိုရင် မီးသင်္ဂြိုဟ်တာကို လုပ်ပေးနေတဲ့ ပရဟိတ လူငယ်အမျိုးသမီးလေးတွေ နိုင်ငံရေးကြောင့် စစ်ကောင်စီရဲ့ ဖမ်းဆီးတာခံရ၊ ထွက်ပြေးကြရ ဖြစ်နေလို့ မီးသင်္ဂြိုဟ်စက် မလည်ပတ်နိုင် - သေနှုန်းလည်းများနေလို့ အလောင်းတွေကို တာယာကွင်းတွေ ထပ်ပြီး မီးရှို့နေရ၊ ကောင်းကောင်းမလောင်ကျွမ်းတဲ့ ရုပ်အလောင်းတွေကို စည်ပင်က မြေတူးစက်တွေနဲ့ ကျွင်းတူးပြီး မြှုပ်နှံရတာမျိုး အဖြစ်အပျက်တွေ ဆိုးရွားနေတယ်လို့ ဆိုတဲ့ မြို့ခံတစ်ယောက်ရဲ့ ပြောဆိုချက် - မြို့ကြီးတွေကိုပါ တာလီဘန်တွေ ထိုးစစ်ဆင်လာတဲ့ အာဖဂန်က တိုက်ပွဲတွေ အကြောင်း - ပြင်သစ်မှာ ကိုဗစ်လက်မှတ်ပါမှ ပြတိုက်၊ ရုပ်ရှင်ရုံ၊ အားကစားကွင်း အစရှိသဖြင့် ဝင်ခွင့်ရတဲ့ စည်းမျဥ်းကို လူသိန်းချီ ဆန္ဒပြပွဲတွေ သီတင်း သုံးပတ်မြောက် ဆက်လက် ဖြစ်ပေါ် ..... စတဲ့ နောက်ဆုံးရ မြန်မာသတင်း၊ နိုင်ငံတကာ သတင်းတွေကို ရှုစား နားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #အောက်စီဂျင် #ကိုဗစ် #ရခိုင် #အမေရိကန် #USA #ဘလင်ကင် #အာဆီယံ #စစ်အာဏာသိမ်း၆နှစ်ပြည့် #လုံခြုံရေးကောင်စီ #ကုလသမဂ္ဂ #ဗြိတိန် #NUG #ICG #HRW #တာမွေ #ပဲခူး #ငါန်းဇွန် #မင်းတပ် #မတူပီ #CDF