ဦးစည်သူအောင်မြင့်ကို ပုဒ်မ ၁၂၄ (က) ထပ်တိုးမယ်လို့ စစ်ကောင်စီကြေညာ
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

တနင်္ဂနွေ မနက်ခင်း သတင်းများ (ဩဂုတ်လ ၂၂ ရက် ၂၀၂၁) - ဖမ်းဆီးထားတဲ့ ဝါရင့် သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကို ပုဒ်မ ၁၂၄ (က) ထပ်တိုးမယ်လို့ စစ်ကောင်စီကြေညာ ကြူကုတ် ပန်ဆိုင်း နဲ့ မုံးကိုး ဒေသတွေမှာ တိုက်ပွဲတွေ ဆက်ရှိ၊ စစ်ဘေးရှောင် ထောင်ချီပြီး နယ်စပ်အနီး ယာယီတဲထိုးပြီးနေကြရ - ဦးစည်အောင်မြင့်ကို လက်ခံ နေရာပေးထားလို့ ဆိုပြီး အတူ ဖမ်းခံခဲ့ရတဲ့ ဘီဘီစီမီဒီယာအက်ရှင်ရဲ့ အလွတ် သတင်းထောက် မထက်ထက်ခိုင်ကိုလည်း ဖက်ဒရယ် FM မှာ လုပ်အားပေး အယ်ဒီတာလုပ်ပေးလို့ ဆိုပြီး မတရားသင်း ပုဒ်မတပ်မယ်လို့ စစ်ကောင်စီကြေညာ - ကြူကုတ် ပန်ဆိုင်း နဲ့ မုံးကိုး ဒေသတွေမှာ တိုက်ပွဲတွေ ဆက်ရှိ၊ တရုတ်ဘက်ကလည်း ကိုဗစ် အန္တရာယ်ကြောင့် ပေးမဝင်လို့ စစ်ဘေးရှောင် ထောင်နဲ့ချီပြီး နယ်စပ်အနီး ယာယီတဲတွေထိုးပြီး နေကြရ - ယူကေနိုင်ငံ အနောက်တောင်ပိုင်း ရှေးမြို့လည်းဖြစ်၊ နာမည်ကြီး တက္ကသိုလ်လည်း ရှိတဲ့ Exeterမြို့က စာကြည့်တိုက်မှာ မြန်မာ့ နွေဦးတော်လှန်ရေး အကြောင်း ဓာတ်ပုံပြပွဲ ခင်းကျင်းပြသခဲ့ - ဒေါ်လာစျေးတက်နေတာ တရုတ်နဲ့နယ်စပ် ကုန်သွယ်ရေး ပိတ်နေတာက အဓိက အချက်ဆိုတဲ့ သုံးသပ်ချက် - အာဖဂန်နစ္စတန်ထဲ ဆက်ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေ ညွှန်ကြားချက်ရမှ ကာဘူးလ်လေဆိပ်ကို လာပါ၊ ဂိတ်ဝမှာ လူစုလူဝေး မဖြစ်အောင် ရှောင်ပါ ဆိုပြီး အမေရိကန် နိုင်ငံခြားရေးဌာနကပြောနေ - မက္ကဆီကို အရှေ့ဘက်ကမ်းရိုးတန်းကို တကျော့ပြန်လာတဲ့ ဂရေ့စ် ဟာရီကိန်း မုန်တိုင်း - ရာသီအစ ခြေမှန်ပြီး ၂ ပွဲဆက်နိုင်တဲ့ လစ်ဗာပူး၊ ရက်ပေါင်း ၅၂၈ ရက်မှာ ပရိသတ်အပြည့်ရှိနေတဲ့ အိမ်ကွင်းမှာ ပထမဆုံးအကြိမ် ပြန်ကန်ရတဲ့ပွဲမှာ ဘန်လေကို ၂ ဂိုးပြတ် အနိုင်ယူ ..... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #အာဖဂန် #တာလီဘန် #ကာဘူးလ် #ဦးစည်သူအောင်မြင့် #မထက်ထက်ခိုင် #ဒေါ်လာစျေး #ပရီမီယာလိဂ် #လစ်ဗာပူးလ် #နွေဦးတော်လှန်ရေး #မက္ကဆီကို #ဂရေ့စ်ဟာရီကိန်း