ပူတင်ရဲ့အရန်တပ်သား ၃ သိန်း ခေါ်ယူမှုကြောင့် ရုရှားထဲကနေ လူတွေထွက်ပြေး
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

ပူတင်ရဲ့အရန်တပ်သား ၃ သိန်း ခေါ်ယူမှုကြောင့် ရုရှားထဲကနေ လူတွေထွက်ပြေး - အရန်တပ်သား ၃ သိန်း ခေါ်ယူမှု သီတင်း နှစ်ပတ် အတွင်း အပြီးသတ်နိုင်မယ်လို့ သမ္မတပူတင်ပြော - ၃ သိန်းထဲက ၂ သိန်း ၂ သောင်းကို ခေါ်ထားပြီး ယူကရိန်း စစ်ထဲ တစ်သောင်းခွဲကျော် အထိ နေရာချ အသုံးပြုထား - ဆင့်ခေါ်ခံရမှာ စိုးလို့ ရုရှားကနေ ထွက်ပြေးနေကြတဲ့ ရုရှား အမျိုးသား အများအပြားရှိနေ - တူရကီမှာ ပယ်လယ်နက် ကမ်းရိုးတန်းဘေးက ကျောက်မီးသွေးမိုင်း တစ်ခု ပေါက်ကွဲလို့ လူ ၂၂ ယောက် သေဆုံး၊ ၈ ယောက်ကို အရေးပေါ် ဆေးရုံတင်ထား၊ မြေအောက် ပေတစ်ထောင်မှာ ပိတ်မိနေဆဲ လူတွေ ရှိနိုင်လို့ ကျောက်သားထုကို တူးပြီး ရောက်အောင်သွားနေ - မန္တလေးမှာ နိုင်ငံရေးမှုအတွက် လိုက်ပါကြတဲ့ ရှေ့နေတွေရဲ့ အခြေအနေ .... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com