ကာဘူးလ်လေဆိပ်ကို အသေခံဗုံးခွဲမယ့် ကားကို အမေရိကန် လက်ဦးမှုယူ တိုက်ခိုက်
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

တနင်္လာ မနက်ခင်း သတင်းများ (ဩဂုတ်လ ၃၀ ရက် ၂၀၂၁) - ကာဘူးလ်လေဆိပ်ကို အသေခံဗုံးခွဲမယ့် ကားကို ဒရုန်းနဲ့ လေကြောင်းကနေ လက်ဦးမှုယူ တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် စစ်တပ်ကြညာ - အင်အားပြင်း ဟာရီကိန်း အိုင်ဒါ အမေရိကန် လူဝီဆီယားနားထဲ ဝင်နေပြီ - ကရင်နီဒေသခံ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီ တိုက်ပွဲတွေဆက်ရှိ - စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ လက်နက်ခဲယမ်းတွေ စွန့်ပြီး ထွက်ပြေးကြတယ် ဆိုပြီး KNDF က ဓာတ်ပုံတွေ ထုတ်ပြန် - တန့်ဆည်မြို့နယ်ထဲ နောက်ထပ်ရွာတစ်ရွာကို စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်ပစ်ခတ်ကြောင်း ဒေသခံတွေပြော - ကပေါင်းကျ အစီးခံရပြီး ရက်ပိုင်းအတွင်း လိပ်ခြံဆိုတဲ့ နောက်ရွာတစ်ရွာကို အလားတူ စီးနင်းပစ်ခတ်တာတွေ လုပ်တာလို့ ကြုံတွေ့ရသူတွေပြော - ရှမ်းမြောက်မှာလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်နေလို့ ကျောက်မဲခရိုင်ထဲ စစ်ဘေးရှောင် ပြည်သူ ထောင်နဲ့ချီပြီး ထွက်ပြေးနေရ - ရွှေစျေးမကစားဖို့ စသုံးလုံး အထူးရဲက ရန်ကုန် ရွှေအသင်းရုံးမှာ လာစောင့်ကြည့်ပြီး သတိပေးတာ၊ အရောင်းအဝယ်တွေကို စာရင်းမှတ်တာတွေ ပြုလုပ်နေ - ရခိုင် စစ်တွေနဲ့ ပေါက်တောက မွတ်ဆလင် ဒုက္ခသည် စခန်းတွေထဲ ဆိုင်နိုဗက် ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေး ….. စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #အာဖဂန် #တာလီဘန် #ကာဘူးလ် #အမေရိကန် #ဘိုင်ဒင် #ဒရုန်းတိုက်ခိုက်မှု #IS #ကရင်နီ #KNDF #ကျောက်မဲ #စစ်ဘေးရှောင် #IDP #ရွှေစျေး #ရခိုင် #ကိုဗစ် #စစ်တွေ