ကိုဗစ်တတိယလှိုင်း ကူရာကယ်ရာမဲ့ ခံစားမှုတွေ တိုးတက်ဖြစ်ပေါ်

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

တနင်္လာ မနက်ခင်း သတင်းများ (ဇူလိုင်လ ၁၂ ရက် ၂၀၂၁) ကိုဗစ်တတိယလှိုင်း ကူရာကယ်ရာမဲ့ ခံစားမှုတွေ တိုးတက်ဖြစ်ပေါ် - ကိုဗစ်လူနာတွေကို ကူညီဖို့ရာ အရင် ပထမလှိုင်း၊ ဒုတိယလှိုင်းတွေ တုန်းကလို အာဏာပိုင်တွေနဲ့ အရပ်ဘက် လူမှုအဖွဲ့တွေကြား စနစ်တကျ ချိတ်ဆက်မှု ကျိုးပျက်နေ - လက်တွေ့မြေပြင်မှာ ကူညီမှုတွေလုပ်နေတဲ့ ပရဟိတအဖွဲ့ ဦးဆောင်သူနဲ့ ဘီဘီစီမေးမြန်းခန် - ကိုဗစ်ရောဂါ ကုသ တားဆီးရေး ဆိုင်ရာ ပစ္စည်းတွေ ပြည်ပကနေ တင်သွင်းခွင့် ပိတ်တယ်ဆိုတာ မဟုတ်မှန်ကြောင်း စီးပွားကူးသန်းဌာနကပြော - ထိုင်းနယ်စပ်၊ တရုတ်နယ်စပ်တွေကနေ ကိုဗစ်ဆိုင်ရာ အကာအကွယ် ပစ္စည်းတွေ အလွယ်တကူ ဝင်နိုင်အောင် ဘာတွေ လုပ်ထားလဲ၊ စီးပွားကူးသန်း အမြဲတမ်း အတွင်းဝန်နဲ့ ဘီဘီစီ မေးမြန်းခန်း - ရခိုင် နယ်ခြားကုန်သွယ်ရေးစခန်း ၂ ခုလည်း သီတင်း နှစ်ပတ် ပိတ်မှာ ဖြစ်လို့ ဘယ်လို ဒေသခံတွေနဲ့ ကုန်သည်တွေ ဘယ်လို ရိုက်ခတ်နိုင်လဲ၊ ပြည်နယ် ကုန်သည် စက်မှုအသင်း ဥက္ကဌနဲ့ မေးမြန်းခန်း - အင်္ဂလန်ရဲ့ ၅၅ နှစ် မျှော်လင့်ချက် အိမ်ကွင်းမှာ ပျက်ပြယ်ပြီး အသည်းကွဲရတဲ့ ယူရိုချန်ပီယံရှစ်ပ် ဗိုလ်လုပွဲ - အာကာသ ခရီးသွားလုပ်ငန်း တကယ်တမ်း အကောင်အထည်ပေါ်တော့မယ်၊ ဗြိတိသျှ ဗားဂျင်း ကုမ္ပဏီသူဌေးကိုယ်တိုင် ဒုံးယာဥ်နဲ့ အာကာသ လေဟာနယ် အစပ်ထိ အောင်အောင်မြင်မြင် သွားရောက်ခဲ့၊ နောက်တစ်ပတ် အမေဇုံ သူဌေးလည်း အလားတူ သွားဖို့ စီစဥ်ထား၊ နောက်နှစ်ထဲဆို ပိုက်ဆံ တတ်နိုင်သူတွေ အာကာသ အလည်အပတ်ခရီး ထွက်ချင်ရင် ထွက်နိုင်ပြီ - တစ်နှစ်နောက်ကျ ကျင်းပမှာဖြစ်လည်း အိုလံပစ်စဖို့ ရက်အနည်းငယ် အလို တိုကျိူမှာ ကိုဗစ်ကြောင့် အရေးပေါ် အခြေအနေ ၄ ကြိမ်မြောက် ကြေညာလိုက်ရ - ပရိသတ်မပါပဲ ပွဲတွေ ကစားရတော့မှာ ဖြစ်တာကြောင့် ဂျပန်ရဲ့ အိုလံပစ်အတွက် ဒေါ်လာ ၂၅ ဘီလီယံ အရင်းအနှီး အားလုံးနီးပါး ဆုံးရှုံးသွားဖွယ်ရှိ ...... စတဲ့ နောက်ဆုံးရ မြန်မာသတင်း၊ နိုင်ငံတကာ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #အင်္ဂလန် #ယူရိူ၂၀၂၀ #အီတလီ #ဂျပန် #တိုကျိူအိုလံပစ် #ကိုဗစ် #အောက်စီဂျင် #စီးပွားကူးသန်း #ရခိုင် #နယ်စပ်ကုန်သွယ်ရေး