အီတလီ ၈ လေးလုံးနေ့ကို ဒေါ်အောင်ဆန်းစုကြည်သားငယ် သတင်းစကား ပေးပို့
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

အီတလီ ၈ လေးလုံးနေ့ကို ဒေါ်အောင်ဆန်းစုကြည်သားငယ် သတင်းစကား ပေးပို့ - အီတလီ အရှေ့မြောက်ပိုင်း ကမ္ဘာ့ယဉ်ကျေးမှုနယ်မြေ အာအူရွန်ဇိုး ဒီကာဒိုးရေးမှာ ပြုလုပ်တဲ့ ၈လေးလုံး အထိမ်းအမှတ်ပွဲကို ဒေါ်အောင်ဆန်းစုကြည် သားငယ် ကင်မ် သတင်းစကားလှမ်းပို့ - မြန်မာပြည်သူတွေရဲ့ အားထုတ်မှု၊ နိုင်ငံတကာ မိသားစုရဲ့ ဖေးမမှုတွေကြောင့် ဖိနှိပ်မှု တာရှည်မြဲနိုင်မှာ မဟုတ်ဘူးလို့ ကင်မ်က ထပ်လောင်း အားပေး - လန်ဒန်က ပါလီမန်ရင်ပြင်မှာလည်း မြန်မာအရေး လှုပ်ရှားသူတွေ စုဝေးပြီး “မြန်မာအရေးဟာ ပြည်တွင်းရေး သက်သက်ထက် ကျော်လွန်တဲ့ ကမ္ဘာ့ အရေးဖြစ်ကြောင်း” ပြောဆိုကြပြီး ဘောရစ်ဂျွန်ဆင် မြန်မာအရေး အလေးထား လုပ်ဆောင်ဖို့ တောင်းဆို ဖိအားပေး - မန္တလေး အိုးဘို ထောင်ထဲ တနင်္ဂနွေ ညပိုင်း ဆန္ဒပြကြွေးကြော်သံတွေ ထွက်လာ - ၈ ရက်နေ့ အစောပိုင်းကတည်းက တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကရင်နီနဲ့ ရှမ်းပြည်နယ်စပ် ဒေသတွေမှာ စစ်ရေး အလားအလာ ဘယ်လို ရှိလဲ ... ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KNDF နဲ့ ဘီဘီစီမေးမြန်းခန်း - အာဖဂန်မြောက်ပိုင်းက ပြည်နယ်မြို့တော် အဆင့် မြို့ကြီး ၃ ခု ရှေ့ဆင့်နောက်ဆင့် ဆိုသလို တာလီဘန်တွေရဲ့ လက်ထဲ ကျရောက် - တိုကျိုအိုလံပစ်ပွဲ အောင်အောင်မြင်မြင် အဆုံးသတ်နိုင်ပြီ၊ မကြုံစဖူး ကမ္ဘာ့ကပ်ရောဂါ ခြိမ်းခြောက်မှု အန္တရာယ်တွေကြား ၁၆ ရက်တိုင်တိုင် ကျင်းပခဲ့၊ နောက်အိမ်ရှင် ပဲရစ်မြို့ရဲ့ လက်ထဲ အိုလံပစ်အလံတော်ကို လွှဲလိုက်ပြီ၊ - တိုကျိုအိုလံပစ်ဟာ ပဲန်ဒဲမစ်ကာလကြီးမှာ မျှော်လင့်ချက်ဆိုတဲ့ အကောင်းဆုံး လက်ဆောင်ကို ဆောင်ကြဉ်းပေးနိုင်ခဲ့တယ်လို့ နိုင်ငံတကာ အိုလံပစ်ကော်မတီ ဥက္ကဌ ဂုဏ်ပြု ပြောကြား - ကမ္ဘာပေါ် ကိုဗစ် စတွေ့ခဲ့ရတဲ့ ဝူဟန်မှာ ဒယ်လ်တာမျိုးကွဲ ကူးစက်မှု တွေ့လာရလို့ ၆ ရက် အတွင်း မြို့ရဲ့ လူဦးရေ အားလုံးနီးပါး ၁၁ သန်းကို ကိုဗစ် ရှိမရှိ စစ်ဆေး ပြီးစီးခဲ့... ပိုးတွေ့ ဦးရေ ဘယ်လောက်ရှိနေလဲ ..... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #ဦးကျော်မိုးထွန်း #UN #ကုလသမဂ္ဂ #ကနီ #PDF #ပုလဲ #မန္တလေး #မြစ်ကြီးနား #အီသီယိုပီးယား #အီရန် #မက်ဆီ #ကိုဗစ် #အောက်ဆီဂျင် #အာဖဂန် #တာလီဘန် #စစ်တွေ #လန်ဒန် #၈၈၈၈ #၈လေးလုံး #NUG #အိုးဘို #ဝူဟန် #အီတလီ #ကင်မ် #ဒေါ်အောင်ဆန်းစုကြည်