နောက်ပြန်ဆွဲ အယူအဆအားလုံးကို ပြောင်းနိုင်ရေးပါ ရည်ရွယ်တဲ့ မန္တလေး အမျိုးသမီးသပိတ်

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

တနင်္ဂနွေ မနက်ခင်း သတင်းများ (ဇူလိုင်လ ၁၁ ရက် ၂၀၂၁) နောက်ပြန်ဆွဲ အယူအဆအားလုံးကို ပြောင်းနိုင်ရေးပါ ရည်ရွယ်တဲ့ မန္တလေး အမျိုးသမီးသပိတ် - ကျောင်းသူ၊ ဆရာဝန်၊ ဒီဇိုင်နာ၊ ရှေ့နေ နယ်ပယ်စုံက မန္တလေးသူတွေရဲ့ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ - ရခိုင်ဝန်ကြီးချုပ်က သူ့ကို ပုဒ်မတပ် တရားစွဲတာကို စစ်တွေ တရားရုံးမှာ ဘယ်လို တုန့်ပြန်ခဲ့လဲ။ အမှုအကြောင်း ရှေ့နေနဲ့ ဘီဘီစီမေးမြန်းခန်း - ကိုဗစ် ကူးတဲ့ အရေအတွက်၊ ကူးတဲ့ ရာခိုင်နှုန်း စံချိန်တင်အောင် မြင့်တက်နေ - အာဏာသိမ်းမှု နောက်ဆက်တွဲ ရပ်လုမတတ် ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေမှာ လူတွေ ကိုဗစ်နဲ့ ဘယ်လို ရင်ဆိုင်နေရလဲ၊ မြစ်ကြီးနားမှာ အောက်စီဂျင် လုံလောက်လား၊ - လုပ်ကြံခံရတဲ့ ဟေတီသမ္မတရဲ့ ကတော်၊ ကိုယ်တိုင်လည်း ဒဏ်ရာရခဲ့သူ မစ္စစ် မိုအိစ်က သူ့ခင်ပွန်းသည်ဟာ အခြေခံဥပဒေကို ပြင်ဖို့ စိတ်ပိုင်းဖြတ်ထားသူ ဖြစ်တာကြောင့် ခုလို သတ်ဖြတ်ခံခဲ့ရတာ ဆိုပြီး တွစ်တာကနေ တဆင့် ပြောဆို - အင်္ဂလန် ဘောလုံးအသင်း၊ ဥရောပချန်ပီယံ ဖြစ်ဖို့ အီတလီနဲ့ ဒီနေ့ ဗိုလ်လု ရတော့မယ် - လွန်ခဲ့တဲ့ ၅၅ နှစ်က ကမ္ဘာ့ဖလားရခဲ့တဲ့ အသင်း ကပ္ပတိန် ဘော်ဘီမိုး လက်ထဲ ဆုဖလားကို ထည့်ပေးခဲ့တဲ့ ဘုရင်မကြီးက အင်္ဂလန် လက်ရွေးစင် အသင်း အောင်မြင်ပါစေကြောင်း သတင်းစကားပါး - အဓိက တင်းနစ် ဂရင်းဆလမ်ပြိုင်ပွဲကြီး တစ်ခုဖြစ်တဲ့ အင်္ဂလန်ရဲ့ ဝင်ဘယ်လ်ဒန်ပွဲလည်း အမျိုးသမီး၊ အမျိုးသား တစ်ဦးချင်း ဗိုလ်လုပွဲစဥ်တွေ အခု စနေ တနင်္ဂနွေနေ့တွေမှာ ကစားနေပြီ - အမျိုးသမီးပွဲမှာ အက်ရှ်လီဘာတီ ဗိုလ်စွဲပြီး ၄၁ နှစ်အတွင်း ဩစတြေးလျသူ တစ်ဦး ပထမဆုံးအကြိမ် ချန်ပီယံ ဖြစ်လာ ... စတဲ့ နောက်ဆုံးရ မြန်မာသတင်း၊ နိုင်ငံတကာ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #မန္တလေး #အမျိုးသမီး #ရခိုင် #ဦးညီပု #ရခိုင် #အင်္ဂလန် #ယူရို၂၀၂၀ #ဝင်ဘယ်ဒန် #တင်းနစ် #မြစ်ကြီးနား #ကိုဗစ် #အောက်စီဂျင်