ယူကရိန်းကို တိုက်လေယာဥ်တွေ အမေရိကန်ပေးမယ်
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

ယူကရိန်းကို တိုက်လေယာဥ်တွေ အမေရိကန်ပေးမယ် - ယူကရိန်း လေသူရဲတွေ မောင်းနိုင်တဲ့ ရုရှားလုပ် တိုက်လေယာဥ်တွေကို ယူကရိန်းထံ ပေးနိုင်ရေး အမေရိကန် ကြိုးစားနေ - ပိုလန်လေတပ်မှာ ရှိတဲ့ ရုရှားလုပ် ဖိုက်တာဂျက်တွေကို ယူကရိန်းကို လွှဲပေးဖို့ နေတိုးစစ်ရေး မဟာမိတ် အဖွဲ့ဝင် ပိုလန်ကို အမေရိကန် ညှိနှိုင်းနေ - တခြားအမျိုးအစား လေယာဥ်တွေ ပိုလန်ကို အစားထိုး ပြန်ပေးမယ် ဆိုပြီး အမေရိကန် ကတိပြု - ရုရှားကတော့ ယူကရိန်းထဲ လေယာဥ်ကွင်းတွေကို ပစ်မှတ်ထား ဖျက်စီးထားပြီး ဒေသတွင်း အိမ်နီးချင်းတွေက ယူကရိန်း စစ်လေယာဥ်တွေကို အဆင်းအတက် လုပ်ခွင့်ပေးရင် ကိုယ်တိုင် စစ်ထဲပါတယ်လို့ သတ်မှတ်မယ့်အကြောင်း သတိပေး - ယူကရိန်း မြို့ရွာတွေထဲမှာတော့ အရပ်ဘက် လူနေရပ်ကွက်တွေထဲမှာပါ ရုရှား လက်နက်ကြီးဒဏ် အဆက်မပြတ် ခံနေရ - ရုရှား ဗုံးမိုးရွာနေတဲ့ မြို့ရွာတွေထဲ လူတွေ သိန်းပေါင်းများစွာ ပိတ်မိနေ၊ လျှပ်စစ်မရှိ၊ အေးလှတဲ့ အရပ်မှာ အနွေးဓာတ်မရှိ၊ နောက်ဆုံး စားစရာပါ ပြတ်ပြီး အငတ်ဘေး ဆိုက်နေပြီလို့ ကိုယ်တွေ့ ခံစားကြသူတွေပြော - ဒီမော့ဆို အခုရက်ပိုင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အကျအဆုံးများပြီး အရှင်ဖမ်းမိထားသူတွေလည်း ရှိကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ပြော - မြစ်ငယ် CDM မီးရထားဝန်ထမ်းတွေကို လိုင်းခန်းက နှင်ရုံတင်မက စက်ရုံဝင်းဘေး အင်္ဂလိပ်လက်ထက်ကတည်းက နေရာချ ပေးထားတဲ့ လူနေအိမ် အခိုင်အခန့်တွေကိုပါ ကျူးကျော် ရှင်းလင်းရေး စီမံချက်နဲ့ တပါတည်းရောပြီး ရပ်ကွက်လိုက် ဖျက်ဖို့ စိုင်းပြင်းနေ - မှတ်ပုံတင် မရှိပဲ ထောက်ခံစာ သက်သက်နဲ့ ခရီးသွားခွင့်၊ တည်းခိုခွင့်တွေ လာမယ့် ဧပြီလဆန်းက စပြီး ရတော့မှာ မဟုတ်တော့ဘူးလို့ စစ်ကောင်စီ လူဝင်မှု ကြီးကြပ်ရေးက တင်းကြပ် .... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com