မြန်မာစစ်တပ်နဲ့ စီးပွားဖက် တရုတ်ဝမ်ပေါင်ကုမ္ပဏီကို အမေရိကန် အရေးယူပိတ်ဆို့
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

စနေ မနက်ခင်း သတင်းများ (ဇူလိုင်လ ၃ရက် ၂၀၂၁) မြန်မာစစ်တပ်နဲ့ စီးပွားဖက် တရုတ်ဝမ်ပေါင်ကုမ္ပဏီကို အမေရိကန် အရေးယူပိတ်ဆို့ - အာဏာသိမ်းတာစွန့်ပြီး ဒီမိုကရေစီကိုပြန်သွားဖို့ မြန်မာစစ်တပ်ကို အမေရိကန် ဆက်လက်ဖိအားပေး - စစ်တပ်ရဲ့ ငွေရပေါက် မုံရွာမှာ ကြေးနီတူးနေတဲ့ တရုတ်ပိုင် ဝမ်ပေါင်နဲ့ လုပ်ငန်းခွဲ ၂ ခုကို အမေရိကန် နာမည်ပျက်စာရင်းသွင်း - လူပုဂ္ဂိုလ် ၂၂ ယောက်ကိုပါ ဒဏ်ခတ်ပိတ်ဆို့တာတွေ ချမှတ် - တိုင်းရင်းသားပါတီတွေကနေ စစ်ကောင်စီထဲ ဆွဲခန့်ထားတဲ့ ၃ ယောက်နဲ့ ပြန်ကြားရေးဝန် စစ်ဗိုလ်စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၊ လူကယ်ပြန်ဝန်နေရာ ပေးထားတဲ့ ဒေါ်သက်သက်ခိုင် အပါအဝင် ဝန်ကြီးနေရာက ၄ ယောက်တို့ကို ရွေးကောက်ခံ အစိုးရကို တရားမဝင် ဖယ်ရှားမှုမှာ အားပေးသူတွေ အဖြစ် အမေရိကန် အရေးယူ - ကျန်သူတွေက စစ်ခေါင်းဆောင်ရဲ့ ဇနီး ဒေါ်ကြူကြူလှကစလို့ ထိပ်ပိုင်း ဗိုလ်ချုပ်တွေရဲ့ အိမ်ထောင်ဘက်တွေ၊ အရွယ်ရောက် သားသမီးတွေပါဝင် - ကောလင်းမြို့ပြင် တိုက်ခိုက်မှုတွေ ရှိရာက၊ မြို့ထဲမှာပါ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ မြို့ထဲမှာပါ ပစ်ခတ်လာလို့ အရပ်သား ဒဏ်ရာရမှုတွေ၊ လူနေအိမ် ထိခိုက်ပျက်စီးတာတွေ ပေါ်ပေါက်လာကြောင်း မြို့ခံတွေပြော - ကနီ၊ ဘုတလင် နယ်တဝိုက် စစ်ကောင်စီတပ်တွေ ကျေးရွာတွေထဲထိ ဝင်ရောက်လာလို့ ၁၀ ရွာထက်မနည်း တောတောင်တွေထဲ ပုန်းနေရကြောင်း ကိုယ်တိုင်ထွက်ပြေးနေရသူတွေ ဘီဘီစီကိုပြော - အာဖဂန်မှာ အနှစ် ၂၀ အခြေစိုက်ထားတဲ့ စစ်စခန်းကို အမေရိကန် စွန့်ခွာပြီ။ နယူးယောက် ဝါရှင်တန် ပစ်မှတ်တွေ တိုက်ခိုက်ခံခဲ့ရတဲ့ စက်တင်ဘာ အလဲဗင်း အနှစ် ၂၀ ပြည့် မတိုင်ခင် သံရုံးလုံခြုံရေးတပ်ဖွဲ့ကလွဲပြီး တပ်အားလုံး ရုပ်မယ်လို့ အမေရိကန်သမ္မတ ဘိုင်ဒင် ကတိပေးထား - ယူရို ကွာတားပွဲတွေ စကန်ခဲ့ပြီ၊ ဘယ်အသင်းတွေ ဆီမီးတက်နိုင်ပြီလဲ .... စတဲ့ နောက်ဆုံးရ မြန်မာသတင်း၊ နိုင်ငံတကာ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #ကနီ #ဘုတလင် #ကောလင်း #ဝမ်ပေါင် #ကြေးနီစီမံကိန်း #ဒေါ်အောင်ဆန်းစုကြည် #ကိုဗစ် #စစ်အာဏာသိမ်း #ရခိုင် #အမေရိကန် #