ကယားမှာတင် စစ်ဘေးဒုက္ခသည် သိန်းကျော်ရှိတယ်လို့ ကုလအဖွဲ့ပြော
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

သောကြာ မနက်ခင်း သတင်းများ (၂၅ ဇွန်လ ၂၀၂၁) စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ကြုံလာရတဲ့ ဒုက္ခသည်အရေး - အာဏာသိမ်းပြီး ၅ လတာအတွင်း ကယားအပါအဝင် မြန်မာပြည် အရှေ့တောင်ဘက်ပိုင်းမှာ စစ်ဘေးဒုက္ခသည် ၁၇၇,၅၀၀ ဝန်းကျင် ရှိလာ - ကုလအဖွဲ့ ယူအဲန်အိုချာ (UNOCHA) ထုတ်ပြန်ချက်အရ ချင်းမှာလည်း ဘေးလွတ်ရာ ထွက်ပြေးကြရတဲ့ လူပေါင်း နှစ်သောင်းကျော်ဟာ ယာယီစခန်း ၁၀၀ ကျော်မှာ ခိုလှုံနေကြရ - အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေထဲ ပါခဲ့လို့ စစ်ကောင်စီရဲ့ ရန်ပြုခံရမှာ ကြောက်ပြီး စက်ရုံကို အလုပ်လာမဆင်းတဲ့ မြန်မာ အထည်ချုပ် အလုပ်သမားတွေကို အလုပ်မဖြုတ်ဖို့ နိုင်ငံတကာကုမ္ပဏီတွေက လုပ်ငန်းရှင်တွေကို ညွှန်ကြား - အာဏာသိမ်း စစ်ကောင်စီအပေါ် ပိတ်ဆို့ အရေးယူတာတွေ မလုပ်တဲ့ ဩစတြေးလျ ဝန်ကြီးချုပ် မော်ရစ်ဆင်အစိုးရကို သူ့ရဲ့ လေဘာပါတီ အပါအဝင် ပါတီစုံ ပါလီမန်အမတ်တွေ ဖိအားပေး - ဩစတြေးလျထဲ ဆက်နေထိုင်လိုတဲ့ မြန်မာတွေကို အမြဲတမ်း နေထိုင်ခွင့် ပေးဖို့လည်း ပါလီမန်အမတ်တွေ ဆော်ဩ - အမေရိကန် နာမည်ကျော် ကမ်းခြေ မိုင်ယာမီမြို့မှာ ၁၂ထပ်တိုက်ဟောင်း ပြိုကျလို့ လက်တင်အနွယ် အများစု လူပေါင်း ၉၉ ယောက်ထိ ပျောက်ဆုံးနေ၊ လူရာချီ အင်အားသုံး ကယ်ဆယ်ရေးတွေလုပ်ပြီး အရေးပေါ် အခြေအနေ ကြေညာ - ကနေဒါမှာ ဌာနေမျိုးနွယ်စုဝင် ကလေးအများစု ဖြစ်တဲ့ ရုပ်အလောင်းတွေ ရာပေါင်းများစွာ မြှုပ်ထားတဲ့ ကျင်းတွေ တစ်လအတွင်း နှစ်ကြိမ်မြောက် တွေ့လာရ - ဌာနေမျိုးနွယ်စုကလေးတွေကို ယဥ်ကျေးအောင်ဆိုပြီး မိသားစုနဲ့ခွဲထားခဲ့တဲ့ ဆိုးရွားတဲ့ ကနေဒါသမိုင်းကနေ သင်ခန်းစာယူကြဖို့ ကနေဒါဝန်ကြီးချုပ် ထရူးဒိုးပြောဆို - မြန်မာပြည်ထဲက ကိုဗစ် တတိယလှိုင်းကို လန့်ပြီး တရုတ်အာဏာပိုင်တွေက ရှမ်းမြောက်ပိုင်း ရောက်နေတဲ့ သူတို့နိုင်ငံသားတွေကို တရုတ်ဘက်ပြန်လာဖို့ ခေါ်ယူ - ရခိုင်မှာလည်း ငပလီနဲ့ မောင်တောမှာ ကိုဗစ်ပိုးရှိသူ တစ်ဦးစီ ဇွန် ၂၄ မှာ တွေ့လာပြန်၊ ပြည်နယ်ကျန်းမာရေး တာဝန်ရှိသူနဲ့ ဘီဘီစီ မေးမြန်းခန်း .... စတဲ့ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အကြောင်းတွေ အပါအဝင် နောက်ဆုံးရ မြန်မာသတင်း၊ နိုင်ငံတကာ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #ဒေါ်အောင်ဆန်းစုကြည် #ကိုဗစ် #စစ်အာဏာသိမ်း #ရခိုင် #အမေရိကန် #ကယား #ချင်း #PDF #စစ်ကောင်စီ #ဩစတြေးလျ