လေယာဥ်မပျံရဇုန် ဖော်ဆောင်ရင် စစ်ပွဲကျယ်ပြန့်မယ်လို့ ပူတင်ခြိမ်းခြောက်
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

လေယာဥ်မပျံရဇုန် ဖော်ဆောင်ရင် စစ်ပွဲကျယ်ပြန့်မယ်လို့ ပူတင်ခြိမ်းခြောက် - လေယာဥ်မပျံရဇုန် ဖော်ပေးဖို့ ယူကရိန်းသမ္မတ ဇယ်လင်စကီး အမေရိကန်ကို ထပ်လောင်း တောင်းဆို - ရုရှားသမ္မတက အဲဒီလို သတ်မှတ်ကြေညာတာမျိုးလုပ်ရင် တိုက်ပွဲနယ် ပိုပြီး ကျယ်ပြန့်လာမယ်လို့ အနောက်အုပ်စု နိုင်ငံတွေကို ခြိမ်းခြောက် - ရုရှားအပေါ် စီးပွားရေး ပိတ်တာဟာ စစ်ကြေညာတဲ့ သဘောလို့ သတ်မှတ်ကြောင်းလည်း သမ္မတပူတင် စိန်ခေါ်ပြောကြား - ဒီအချိန် ယူကရိန်း-ပိုလန် နယ်စပ် အထိ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကင် ရောက်လာပြီး ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးနဲ့တွေ့ဆုံ - ယူကရိန်း ဒုက္ခသည်တွေနဲ့လည်း ဝန်ကြီးဘလင်ကင်တွေ့၊ စစ်ပွဲ အဆုံးသတ်ရေး ကြိုးစားမယ်လို့ ထပ်လောင်း ကတိပြု - ယူကရိန်းကနေ ခြေကျင် တနိုင်တပိုင် ပစ္စည်းတွေပိုက်ပြီး ထွက်ပြေးနေတဲ့ လူစီးကြောင်းကြီး ရှိနေ - ရုရှားရဲ့ ထိုးစစ်အရှိန်ကျမသွား၊ မြို့နှစ်မြို့မှာ အရပ်သားတွေကို ကယ်ထုတ်ရေး အပစ်ရပ်မယ်ဆိုတာ တကယ်တမ်း မအောင်မြင်၊ နာရီဝက်တောင်မှ ရုရှားက အပစ်ရပ်မပေးဘူးလို့ ယူကရိန်းပြော - ကချင်က စစ်ရေး အခြေအနေ၊ စစ်ကိုင်းတိုင်းထဲ စစ်ကောင်စီတပ်တွေ ဆက်တိုက် ကျင့်သုံးနေတဲ့ လူနေရပ်ရွာတွေကို မြေလှန် မီးရှို့နေမှုနဲ့ သောင်ရင်းမြစ်ကမ်းဘေးက စစ်ဘေး ဒုက္ခသည်တွေရဲ့ အခက်အခဲတွေ အကြောင်း ..... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com