၂၀၂၂ ကာတာကမ္ဘာဖလား ဗိုလ်လုပွဲ ပယ်နယ်တီ အဆုံးအဖြတ်နဲ့ အာဂျင်တီးနား က ပြင်သစ်ကိုနိုင်ပြီး ဗိုလ်စွဲ

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

-ဒီပဲယင်းဘက်မှာ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ဒီဇင်ဘာ မတိုင်ခင်အထိ မီးရှို့ခံခဲ့ရတဲ့ နေအိမ်အရေအတွက်ထက် ခုဒီဇင်ဘာလဆန်း သီတင်း၂ပတ်အတွင်း မီးရှို့ခံရတဲ့ အိမ်အရေအတွက်က ပိုများနေ - ကယားမှာ WFPက၀ေတဲ့ဆန်တွေကို စစ်ကောင်စီခန့်ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကတဆင့် ရတာကြောင့် စျေးကွက် ထဲ ပြန်ရောင်းတာ ၊ စစ်တပ်နဲ့ပတ်သက်သူတွေလက်ထဲရောက်တာတွေ ရှိနေတယ်လို့ အရပ်ဖက်အဖွဲ့က ပြော - တောင်အာဖရိကမှာ လာဘ်စားမှုကြောင့် ရာထူးက ဆင်းပေးခဲ့ရတဲ့ ကျန်းမာရေး၀န်ကြီးဟောင်း နဲ့ နေအိမ်ဆိုဖာ အောက်မှာ ဒေါ်လာသန်းချီဖွက်ထားတဲ့ လက်ရှိသမ္မတတို့ ANC ပါတီခေါင်းဆောင်နေရာအပြိုင်ရွေးခံမယ် - ကမ္ဘာဖလားမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ပြင်သစ်နိုင်ငံ ပါရီမြို့လယ်က ရှောင်ဇေလီဇေ လမ်းမကြီးပေါ်မှာ သာမန်အရပ်သားတွေနဲ့ ရဲတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ အကြောင်း အပါအ၀င် တနင်္လာ မနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ တင်ဆက်ပေးနေပါတယ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဖေ့စ်ဘွတ်ခ် - https://www.facebook.com/BBCnewsBurmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ယူကျု - http://youtube.com/thebbcburmese