အလုပ်ရှားပါးလို့ ထိုင်းထဲခိုးဝင်ကြရတဲ့ မြန်မာတွေ အစုလိုက်အဖမ်းခံနေရ

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

အလုပ်ရှားပါးလို့ ထိုင်းထဲခိုးဝင်ကြရတဲ့ မြန်မာတွေ အစုလိုက်အဖမ်းခံနေရ - စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ရိုက်ခတ်မှု ကိုယ့် တိုင်းပြည်ထဲ အလုပ်ရှားပါးလို့ လူငယ်တွေ ထိုင်းထဲ ကြုံရာလမ်းတွေက ဝင်နေရာက အစုလိုက် အဖမ်းခံနေရ - တယ်လီနောကို စစ်တပ်ရဲ့ စီးပွားဘက် ကုမ္ပဏီလက်ထဲ အရောက်မခံဖို့ နော်ဝေအစိုးရအပေါ် ဖိအားတွေ ပေးနေ - အာဏာသိမ်းစစ်တပ်နဲ့ နီးစပ်တဲ့ ကုမ္ပဏီလက်ထဲ မြန်မာပြည်သူ သန်းပေါင်းများစွာ သုံးနေတဲ့ တယ်လီနော ရောက်သွားရင် ဘယ်လောက် အန္တရာယ်ကြီးနိုင်လဲ .... အရောင်းအဝယ်ကို နိုင်ငံတကာ မျက်နှာစာမှာ ဘယ်လို ပိတ်ဆို့နိုင်လဲ .... ကျွမ်းကျင်သူနဲ့ ဘီဘီစီ မေးမြန်းခန်း - ရုရှားအစိုးနဲ့ ဥရောပလုံခြုံရေးအဖွဲ့ဝင် အဓိက နိုင်ငံတွေကြား ယူကရိန်းအကြပ်အတည်း ဖြေလျော့ရေး ၄၈ နာရီအတွင်း ဆွေးနွေးကြဖို့ ယူကရိန်းအစိုးရ တောင်းဆို - နယ်စပ်မှာ စစ်အင်အား သိန်းချီချရတဲ့ ရည်ရွယ်ချက် မော်စကိုဘက်က ပွင့်ပွင့်လင်းလင်းပြောဖို့ ယူကရိန်းတောင်းဆို - အမေရိကန်သမ္မတ ယူကရိန်းကို လာဖို့ ယူကရိန်းသမ္မတဖိတ်ကြား - ကိုဗစ်ထိုးပြီးကြောင်း လက်မှတ် မပြမနေရ စည်းမျဥ်းကို ကန့်ကွက်တဲ့ ဆန္ဒပြသမားတွေ အမေရိကန်ဘက် ဝင်ပေါက် တံတားကို သီတင်းတစ်ပတ်နီးပါး ပိတ်ဆို့ထားတာကို ကနေဒါရဲ့ ဖယ်ရှား အီရတ်၊ ဘေဘီလုံမှာ မိသားစု ရန်ငြိုးကြောင့် အကြမ်းဖက်သမားတွေ ရှိတယ်လို့ ရဲကို သတင်းမှားပေးခဲ့လို့ ဝင်စီးရာက မိသားစုဝင် အယောက် ၂၀ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရမှု အတွက် တာဝန်ခံ အရာရှိနဲ့ လက်ထောက်ချသူ နှစ်ယောက်ကို သေဒဏ်ချမှတ် ..... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။