အနှစ် ၂၀ လက်လွှတ်ခဲ့ရတဲ့ ကာဘူးလ်ကို တာလီဘန်တွေ ပြန်သိမ်းပြီ

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

တနင်္လာ မနက်ခင်း သတင်းများ (ဩဂုတ်လ ၁၆ ရက် ၂၀၂၁) အနှစ် ၂၀ လက်လွှတ်ခဲ့ရတဲ့ ကာဘူးလ်ကို တာလီဘန်တွေ ပြန်သိမ်းပြီ - ကာဘူးလ်မြို့တော် အပါအဝင် အာဖဂန်တစ်နိုင်ငံလုံးကို တာလီဘန် သိမ်းပိုက်နိုင်ပြီ - အာဖဂန်သမ္မတ အာရှရပ်ဖ်ဂါနီ ဥဇဘက်ကစ္စတန်ထဲ ထွက်ပြေး - အာဏာလွှဲရေး ကောင်စီဖွဲ့ပြီး ငြိမ်းငြိမ်းချမ်းချမ်း အာဏာလွှဲယူရေး လုပ်ဆောင်နေ - လူတွေ စိတ်အေးအေးထားကြဖို့နဲ့ အာဖဂန်တစ်မျိုးသားလုံးရဲ့ ဂုဏ်သိက္ခာ၊ ဓန၊ ကိုယ့်ကိုယ့်ကိုယ် လေးစားတန်ဖိုး ထားမှု အားလုံးကို ကာကွယ်ပေးမယ်ဆိုပြီး တာလီဘန် ကတိပေး - အနောက်အုပ်စု နိုင်ငံက သံရုံးတွေ နိုင်ငံသားတွေကို ဆက်ပြီး ခေါ်ထုတ်နိုင်ဖို့ ကာဘူးလ်လေဆိပ်ကို အမေရိကန် စစ်တပ် ဦးဆောင်ပြီး ထိန်းချုပ်ထား - တူရကီနဲ့ ရုရှားတို့ကတော့ ကာဘူးလ်မှာ သံရုံးတွေ ဆက်ပြီး ဖွင့်ထားမယ် - တာလီဘန်တွေကို ချက်ခြင်း အသိအမှတ်ပြုတာမျိုး မလုပ်ဖို့ မဟာမိတ် နိုင်ငံတွေနဲ့ကိုလည်း ဆော်ဩသွားမယ်ဆိုပြီး ဗြိတိသျှ ဝန်ကြီးချုပ်ပြော - လန်ဒန်မြို့ မြန်မာ သံအမတ်အိမ်မှာဆက်လက် နေထိုင်နေတဲ့ ဦးကျော်စွာမင်းက သူ့ လုံခြုံရေးကို ခြိမ်းခြောက်တဲ့ အပြုအမူတွေ နေအိမ်ရှေ့ တွေ့လာရတယ် ဆိုပြီး မြို့တော်ရဲတပ်ဖွဲ့နဲ့ ဗြိတိသျှ နိုင်ငံခြားရေးရုံးကို တရားဝင်တိုင်ကြား - စစ်ကောင်စီထိန်းချုပ်ထားတဲ့ လက်ရှိ မြန်မာသံရုံးရဲ့ ပါဝင်ပတ်သက်မှုတွေ ရှိနေတယ်လို့ ဦးကျော်စွာမင်းကို ကိုယ်စားပြုသူတွေက စွပ်စွဲပြောဆို - ဒေါ်လာစျေး စံချိန်တင်မြင့်လာတာ ဘာဖြစ်လို့လဲ၊ ဗဟိုဘဏ်ဘက်က ဘာတွေ လုပ်ဆောင်ဖို့ ရှိလဲ၊ ဗဟိုဘဏ် ဒုဥက္ကဌနဲ့ ဘီဘီစီမေးမြန်းခန်း - ရခိုင်ရဲ့ နယ်ခြားကုန်သွယ်ရေး စခန်း နှစ်ခုစလုံး ကိုဗစ် စိုးရိမ်မှုတွေကြောင့် ပိတ်ထားရတာ တစ်လ ရှိနေပြီ။ ကုန်သည်တွေဘက်က ဘယ်လို စိုးရိမ်မှုတွေ ရှိနေလဲ။ တာဝန်ရှိသူတွေဘက်ကရော ပြန်ဖွင့်ဖို့ရာ သင့်ပြီလို့ ယူဆသလား ...... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #အာဖဂန် #တာလီဘန် #ကာဘူးလ် #ဦးကျော်စွာမင်း #လန်ဒန် #မြန်မာသံအမတ် #ယူကေ #အမေရိကန် #ရခိုင် #ဒေါ်လာ #ငွေလဲနှုန်း