အာဆီယံအထူးသံတမန်ကို ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီး အားပေးထောက်ခံ
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

သောကြာ မနက်ခင်း သတင်းများ (ဩဂုတ်လ ၁၃ ရက် ၂၀၂၁) အာဆီယံအထူးသံတမန်ကို အားပေးထောက်ခံကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးပြော - အာဆီယံအထူးသံ ဘရူနိုင်း နိုင်ငံခြားရေး ဝန်ကြီး (၂) နဲ့ အွန်လိုင်း အစည်းအဝေးမှာ မြန်မာအရေးကိစ္စ၊ ဂျကာတာ ဘုံသဘောထားတွေ အကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီး ဆွေးနွေး - ဘရူနိုင်း၊ ကမ္ဘောဒီးယား ၂ နိုင်ငံစလုံးဟာ ကုလအထွေထွေညီလာခံမှာ မြန်မာပြည် စစ်အာဏာသိမ်းမှုကို ရှုတ်ချကြောင်း ဆုံးဖြတ်ချက်ကို မဲမထည့်ပဲ ရှောင်နေခဲ့တဲ့ နိုင်ငံတွေဖြစ် - မြန်မာလက်ရွေးစင် ဂိုးသမား ပြည့်သျှံအောင်ရဲ့ ခိုလှုံခွင့် လျှောက်ထားမှုကို ဂျပန်အစိုးရက လက်ခံလိုက်ပြီ - ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ လက် ၃ ချောင်းထောင် သင်္ကေတနဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့တဲ့ ပြည့်သျှံအောင်ဟာ အိုဆာကာ လေဆိပ်မှာ လေယာဥ်ပေါ် မတက်တော့ပဲ ဂျပန် လူဝင်မှု အရာရှိတွေကို အကြောင်းကြားခဲ့တာဖြစ် - ဂျပန်မှာ အသက် ၆ နှစ် အရွယ်ကတည်းကရောက်ပြီး ရုပ်ရှင်ဒါရိုက်တာ ကျောင်းဆင်းထားတဲ့ ကိုသိန်းဒန် ဧပြီလကတည်းက အင်းစိန်ထောင်ထဲ အဖမ်းခံထားရ - သူ့ကို ပြန်လွှတ်ဖို့ ဂျပန်ဒါရိုက်တာများ သမဂ္ဂက တောင်းဆိုနေ - အင်းစိန်ထောင်ကနေ လွတ်လာပြီး ဂျပန်ပြန်ရောက်လာတဲ့ အလွတ်သတင်းထောက် ကီတာဇုမိက ကိုသိန်းဒန် အနှိပ်စက်ခံရကြောင်း ကာယကံရှင် ကိုယ်တိုင် ပြန်ပြောပြတာ ထောင်ထဲကြားခဲ့ရတယ်လို့ ထွက်ဆို - အာဖဂန်ရဲ့ ဒုတိယ၊ တတိယ အကြီးဆုံးမြို့ကြီးတွေကို တာလီဘန်တွေ ထိန်းချုပ်နိုင်ပြီ - ကဘူးလ်မြို့တော် အမေရိကန်သံရုံးကသူတွေကို ကယ်ထုတ်ဖို့ အမေရိကန် စစ်သား ၃ ထောင် ဝန်းကျင် စေလွှတ်မယ်လို့ ပင်တာဂွန် စစ်ဌာနချုပ်ပြော - ယူကေလည်း သူ့နိုင်ငံသားတွေ အာဖဂန်ကထွက်ခွာရေး ကူညီဖို့ စစ်သား ၆၀၀ လွှတ်မယ်လို့ဆို - အာဖဂန်မှာ စစ်ရေးနည်းနဲ့ ထူထောင်မယ့် အစိုးရကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ အမေရိကန်၊ တရုတ်၊ ရုရှား တညီတညွတ်တည်းပြော - ဒိုဟာမှာ အာဖဂန်အရေး နိုင်ငံတကာ ဆွေးနွေးမှုတွေ ပြုလုပ် - အင်္ဂလန် ဆိပ်ကမ်းမြို့ ပလိုင်းမောက်မှာ သေနတ်ပစ်မှု ဖြစ်ပြီး လူ ၆ ယောက် အစုလိုက် အပြုံလိုက် သေဆုံး - စစ်ဘေးရှောင်စခန်းအဖြစ် အသိအမှတ်အပြု မခံရတဲ့ ပလက်ဝနဲ့ ကျောက်တော်အစပ် မြို၊ ခမီ၊ သက် မျိုးနွယ်စုတွေ ခိုလှုံနေတဲ့ နေရာမှာ စားနပ်ရိက္ခာ ရှားပါးလွန်းလို့ မျှစ်နဲ့ဆန်နဲ့ ရောကြိုပြီး စားနေရ .... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #ပလိုင်းမောက် #ဂျပန် #ဦးကျော်မိုးထွန်း #UN #ကုလသမဂ္ဂ #ကနီ #PDF #ပုလဲ #မန္တလေး #မြစ်ကြီးနား #အီသီယိုပီးယား #အီရန် #မက်ဆီ #ကိုဗစ် #အောက်ဆီဂျင် #အာဖဂန် #တာလီဘန် #စစ်တွေ #လန်ဒန် #၈၈၈၈ #၈လေးလုံး #NUG #အိုးဘို #ဝူဟန် #အီတလီ #ကင်မ် #ဒေါ်အောင်ဆန်းစုကြည်